မြင်းမူမြို့တွင်ကွန်ကရစ်ပစ္စည်းများ ဝယ်ယူအသုံးပြုသူပုံမှန်ရှိနေ

မြင်းမူ ဒီဇင်ဘာ

 

စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းခရိုင်၊ မြင်းမူမြို့တွင် မိသားစု တစ်ပိုင်တစ်နိုင် ပြုလုပ်ရောင်းချလျက်ရှိသည့်   ကွန်ကရစ်ပစ္စည်းများမှာ ပုံမှန်အရောင်းအဝယ်ရှိကြောင်း၊ ကွန်ကရစ်ပစ္စည်း ပြုလုပ်ရောင်းချသူများထံက သိရှိရသည်။

 

“ကွန်ကရစ်ပစ္စည်းကတော့ ပုံမှန်ရောင်းချနေရကြောင်း၊ အဓိကရောင်းအားကောင်းသည့် ပစ္စည်းမှာ     ကွန်ကရစ်ကျောက်တိုင်နှင့်  ရေကန်များဖြစ်ကြောင်း၊   ရံဖန်ရံခါကျေးလက် လမ်းများတွင် အသုံးပြုသည့်    ရေပြွန်များလည်းမှာယူမှုရှိကြောင်း၊    ကုန်ကြမ်းပစ္စည်းများဖြစ်သည့် ဘိလပ်မြေနှင့်   ကျောက်ဈေးတို့ သိသိသာသာ မတက်သော်လည်း  သံချောင်းဈေး ထက်ဝက်ခန့်ဈေးတက်ခဲ့ကြောင်း၊ သို့ရာတွင် မိမိတို့ရောင်းချရာတွင်    ဝယ်လိုအားအပေါ် မူတည်ကာ အနည်းငယ်သာဈေးတက်ရကြောင်း   ကွန်ကရစ်ပစ္စည်း ပြုလုပ်ရောင်းချနေသူ  ဦးကျော်အုန်းထံမှ သိရှိရသည်။

 

ပြုလုပ်ရောင်းချလျက်ရှိသော ပစ္စည်းအမျိုးအစားများမှာ   ကွန်ကရစ်တိုင်၊    ကွန်ကရစ်ရေကန်၊ ကွန်ကရစ်ပြွန်ဆိုဒ်စုံ၊   ကျင်တွယ်တိုင်အမျိုးမျိုး   မိလ္လာသုံးကျောက်ပြား၊  ဘိလပ်အုပ်နှင့် အခြားအော်ဒါမှာယူသော ပစ္စည်းများဖြစ်ကြောင်း သိရှိရသည်။

 

အောင်စိုးဖေ(မြင်းမူ)