မြင်းမူမြို့နယ်၌ ဝါမျိုးစုံလျာထားချက်ထက် ပိုမိုစိုက်ပျိုးနိုင်

မြင်းမူ               စက်တင်ဘာ                 ၂၈

 

စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းခရိုင်၊ မြင်းမူမြို့နယ်အနေဖြင့် ယခုနှစ် စိုက်ပျိုးရာသီအတွင်း  ဝါမျိုးစုံ ဧက ၁၉၅၂၀ စိုက်ပျိုးရန် လျာထားဆောင်ရွက်ခဲ့ရာ ဝါမျိုးစုံဧက ၁၉၅၃၂ ဧက စိုက်ပျိုးနိုင်ခဲ့သည့်အတွက် လျာထားချက်ထက် ပိုမိုစိုက်ပျိုးနိုင်ခဲ့ကြောင်း မြို့နယ်စိုက်ပျိုးရေးရေးဦးစီးဌာနမှ သိရှိရသည်။

 

ဝါအမျိုးအစားများအနေဖြင့် ရွှေတောင်(၈)၊ ရွှေတောင်(၁၀)၊ ငွေခြည်(၉)၊ ငွေခြည်(၁၁)နှင့် ငွေခြည်(၆)မျိုးများကို စိုက်ပျိုးကြရာ အဓိကအားဖြင့် ဒေသနှင့်ကိုက်ညီပြီး အထွက်နှုန်းကောင်း  မွန်သည့် ရွှေတောင်(၈)မျိုးကို အများအပြား စိုက်ပျိုးကြကြောင်း၊ မိုးကောင်းသောက်ဝါ (၁)ဧက

လျှင် ဝါပိဿာချိန် ၆၀၀ ခန့်နှင့်  ဖြည့်စွက်ရေ ထပ်ပေးပြီးစိုက်ပျိုးနိုင်ပါက ဝါပိဿာချိန် ၈၀၀ ခန့်

ထွက်ရှိနိုင်ကာ ယခုစက်တင်ဘာလမှစ၍ ဝါများ ကောက်ယူလျက်ရှိကြောင်း သိရှိရသည်။ 

 

မိုးရာသီကာလ အစိုဓာတ်ပါဝင်မှု များပြားခြင်းကြောင့် ဝါအရည်အသွေး မပြည့်မီသည့်အတွက် ဝါ တစ်ပိသာလျှင် ငွေကျပ် ၁၀၀၀ ဈေးသာရောင်းချရကြောင်း၊ မိုးလွတ် ခြောက်သွေ့ရာသီတွင် ဝါ တစ်ပိသာလျှင် ငွေကျပ် ၁၆၀၀ ကျော်ထိ ရောင်းချရကြောင်း ဝါစိုက်တောင်သူများထံမှ သိရှိရသည်။

 

အောင်စိုးဖေ(မြင်းမူ)