မင်းလှမြို့နယ်၌ ကိုဗစ်-၁၉ အတည်ပြုလူနာအသစ် (၅၈)ဦး ထပ်တိုးတွေ့ရှိ

အထက်မင်းလှ    ဇူလိုင်     ၁၄

မကွေးတိုင်းဒေသကြီး  သရက်ခရိုင် မင်းလှမြို့နယ်တွင် ဇူလိုင် ၁၃ ရက်  နံနက်ပိုင်းက ကိုဗစ်-၁၉ ရောဂါပိုး တွေ့ရှိသူများနှင့် ထိစပ်သူများ၊ သံသယလူနာများ စုစု‌ပေါင်း(၂၇၈)ဦးအား မင်းလှမြို့နယ် ပြည်သူ့ ကျန်းမာရေးဦးစီးဌာနမှ RDT (Test Kits) ဖြင့် စစ်ဆေးခဲ့ရာ ကိုဗစ်-၁၉ အတည်ပြုလူနာ အမျိုးသား(၄၂)ဦး၊ အမျိုးသမီး(၁၆)ဦး စုစုပေါင်း(၅၈)ဦး ထပ်တိုးတွေ့ရှိကြောင်း သိရသည်။

မင်းလှမြို့မရဲစခန်း မှ ကိုဗစ်-၁၉ ပိုးတွေ့လူနာ အချုပ်သား အမျိုးသား(၁၇)ဦး၊ အမျိုးသမီး(၁)ဦး အပါအဝင် ပိုးတွေ့လူနာ ၅၈ ဦးကို လက်ပံတခါး COVID Center ၊ ရေနံမတိုက်နယ်ဆေးရုံ၊ မင်းလှမြို့နယ် COVID   Center ၊ မင်းလှရဲစခန်းဝင်းအတွင်း အချုပ်ခန်း Center တို့တွင် ဆေးကုပေးလျက်ရှိကြောင်း သိရသည်။ မင်းလှမြို့၌ ဇူလိုင် ၁၃ ရက်အထိ ကိုဗစ်-၁၉ ပိုးတွေ့လူနာ (၁၉၉)ဦးရှိပြီဖြစ်ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)