မင်းလှမြို့၌ (၁၀၂) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အကြို အားကစားပြိုင်ပွဲများ ကျင်းပ

မင်းလှ  နိုဝင်ဘာ ၁၆

 

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မင်းလှမြို့နယ်ပညာရေးမှူးရုံးမှ စီစဉ်ကျင်းပသော (၁၀၂)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ်အကြို အားကစားပြိုင်ပွဲများကို ယနေ့နံနက် ၈ နာရီက မြို့နယ်အောင်တံခွန်အားကစားကွင်း၌ ကျင်းပခဲ့ကြောင်း သိရသည်။

 

အမျိုးသားအောင်ပွဲနေ့အကြို အားကစားပြိုင်ပွဲများအဖြစ် ပိုက်ကျော်ခြင်း၊ ထုတ်ဆီးတိုး၊ အာလူးကောက်၊ အိတ်စွပ်ပြေးပြိုင်ပွဲတို့ကို ကျင်းပရာ (ထက်၊လယ်၊မှု) ကျောင်းများမှ ကျောင်းသား၊ ကျောင်းသူ ကလေးငယ်များ ပျော်ရွှင်စွာ ပါဝင်ယှဉ်ပြိုင်ကစားခဲ့ကြသည်။ 

 

ပြိုင်ပွဲတွင် ဆုရရှိများကို (၁၀၂)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အခမ်းအနားတွင် ဆုချီးမြှင့် ပေးအပ်သွားမည်ဖြစ်ကြောင်း သိရသည်။

 

ပေါက်စ(မင်းလှ)