မြင်းခြံတက္ကသိုလ်၌ လူငယ်စကားဝိုင်းကျင်းပ

မြင်းခြံ ဖေဖော်ဝါရီ ၆

 

ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြင်းခြံတက္ကသိုလ်တို့ ပူးပေါင်းကျင်းပသော လူငယ်စကားဝိုင်းကို ယနေ့နံနက် ၁၁ နာရီက အဆိုပါတက္ကသိုလ် ဘွဲ့နှင်းသဘင်ခန်းမ၌ ကျင်းပသည်။

 

ဦးစွာ မြင်းခြံတက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာ အေးအေးဟန်က မိတ်ဆက်အမှာစကား ပြောကြားခဲ့ပြီး လူငယ်စကားဝိုင်း ကျင်းပပြုလုပ်ရခြင်းအကြောင်းကို ခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်အေးအေးနွဲ့က ရှင်းလင်းပြောကြားသည်။ ထို့နောက် လူငယ်စကားဝိုင်းကို လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်အေးအေးနွဲ့က ဦးဆောင်၍ ကျင်းပပြုလုပ်ရာ မြင်းခြံတက္ကသိုလ်မှ ကျောင်းသားကျောင်းသူ (၄)ဦးက စာပေ၊ အနုပညာနှင့် ယဉ်ကျေးမှု၊ အားကစားနှင့် အပန်းဖြေခြင်း၊ မူးယစ်ဆေးနှင့် အခြားဘေးဖြစ်စေတတ်သည့် အန္တရာယ်များ၊ စေတနာ့ဝန်ထမ်းများ စသည့် ခေါင်းစဉ်များဖြင့် ဆွေးနွေးကြရာ တက်ရောက်လာကြသည့် ကျောင်းသူကျောင်းသားများက ပါဝင်ဆွေးနွေးကြသည်။

 

မြင်းခြံမြို့တွင် အခြေခံပညာအထက်တန်းကျောင်းနှင့် တက္ကသိုလ်အဆင့်ကျောင်းများတွင် လူငယ်စကားဝိုင်းများကို လူငယ်များ စကားပြောစွမ်းရည် ကောင်းမွန်လာစေရန်၊ အသိပညာ ဗဟုသုတများ ပိုမိုရရှိစေရန် စသည့် ရည်ရွယ်ချက်များဖြင့် ခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် သက်ဆိုင်ရာကျောင်းများက ပူးပေါင်းကျင်းပလျက်ရှိရာ ယနေ့ကျင်းပသော လူငယ်စကားဝိုင်းမှာ ပဉ္စမအကြိမ်မြောက် ကျင်းပသည့် လူငယ်စကားဝိုင်းဖြစ်ကြောင်း သိရသည်။

 

ကျော်စွာ(မြင်းခြံ)