မြင်းခြံမြို့နယ်၌ လေးအိမ်တန်းတာပေါင် ထိန်းသိမ်းရန် မြက်များစုပေါင်းစိုက်ပျိုး

မြင်းခြံ၊   ၂၀   ဇန်နဝါရီ

မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံမြို့နယ်၊ လေးအိမ်တန်းဧရာဝတီဆိပ်ကမ်းတွင် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးညီညီအောင်၊ ခရိုင်နှင့် မြို့နယ်သစ်တောဦးစီးဌာနမှ ဝန်ထမ်းများ၊ လေးအိမ်တန်းအုပ်ချုပ်ရေးအဖွဲ့၊ လေးအိမ်တန်းရွာ ပြည်သူများနှင့်အတူ မြစ်ကမ်းပါးထိန်းသိမ်းရန် မအူပင် ၅၀၊ ကိုင်းပင် ၅၀၊ ဗာဂဒီမြက် ၁၀၀၊  ကျူပင် ၅၀ စုစုပေါင်း အပင် ၂၅၀ ကို ဇန်နဝါရီ ၁၉ ရက်က စုပေါင်းစိုက်ပျိုးကြသည်။

အလားတူ လေးအိမ်တန်းတာပေါင် ကွန်ကရစ်လမ်းတွင် တာဘောင်ထိန်းသိမ်းနိုင်ရေးအတွက် နေဗီယာမြက်မျိုး စိုက်ပျိုးထားမှုကို တာဝန်ရှိသူများက ကွင်းဆင်းကြည့်ရှုခဲ့ကြောင်း သိရသည်။

ဌေးမြင့်မောင်