မွန်ဂိုလီးယားတွင် ရေကြီးမှုဖြစ်ပွား လူရှစ်ဦးနှင့် တိရစ္ဆာန်ကောင်ရေ ၇၀ဝ၀ ကျော် သေဆုံး

၇ ဇူလိုင်

 

 

မွန်ဂိုလီးယားပြည်နယ် အချို့တွင် ဇူလိုင် ၃ ရက်နှင့် ၄ ရက်နေ့က မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ရေကြီးမှုများ ဖြစ်ပွားပြီး လူ ရှစ်ဦးနှင့် တိရစ္ဆာန်ထောင်ချီ သေဆုံးခဲ့ပြီး ထောင်ချီရှိသော လူနေအိမ်များ မျောပါသွားခဲ့သည်ဟု နိုင်ငံအရေးပေါ် စီမံခန့်ခွဲမှုအေဂျင်စီ(NEMA)  က ယနေ့ သတင်းထုတ်ပြန်ခဲ့သည်။

 

 

ဇူလိုင် ၃ ရက်နေ့ အစောပိုင်းက ဆတ်ခ်ဘာတာ ပြည်နယ်နှင့် တောင်ပိုင်းရှိ အမ်နူဂိုဗီ ပြည်နယ်တွင် မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ကလေးနှစ်ဦး အပါအဝင် လူရှစ်ဦး သေဆုံးခဲ့ကြောင်း ထုတ်ပြန်ချက်တွင် (NEMA) က ပြောကြားထားသည်။

 

 

ရေကြီးမှုကြောင့် အနောက်ဘက် အလယ်ပိုင်းရှိ အာလန်ဂီပြည်နယ်၊ အလယ်ပိုင်းရှိ ဂိုဗီဆမ်ဘာပြည်နယ်နှင့် တဗ်ပြည်နယ်သုံးခုတွင် တိရစ္ဆာန် ကောင်ရေ ၇၀ဝ၀ ကျော် သေဆုံးခဲ့ကြောင်း ဖော်ပြထားသည်။ ပြည်နယ်အချို့တွင် နေအိမ် ၂၃၆၀ ရေကြီးမှုကြောင့် မျောပါသွားသည်ဟု သိရသည်။

 

 

လာမည့်ရက်များအတွင်း နိုင်ငံအတွင်း နေရာအနှံ့အပြားတွင် မိုးသည်းထန်စွာ ရွာသွန်းနိုင်ကြောင်း မိုးလေဝသ ပညာရှင်များက ခန့်မှန်းထားပြီး ကြိုတင်ကာကွယ်မှုများ ပြုလုပ်ကြရန် တိရစ္ဆာန် ထိန်းကျောင်းသူများ အပါအဝင် နိုင်ငံသားများအား တိုက်တွန်းပြောကြားထားသည်။

 

 

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-မြင့်မြင့်ချို