အူလန်ဘာတာ ဇန်နဝါရီ ၂၅
မွန်ဂိုလီးယားနိုင်ငံတောင်ပိုင်း ဒန်းဂိုဗီပြည်နယ်၌ ခရီးသွားလုပ်ငန်းမြှင့်တင်ရန်နှင့် ကုလားအုတ်ယဉ်ကျေးမှုကို နောက်မျိုးဆက်များအား လက်ဆင့်ကမ်းရန်အတွက် ဇန်နဝါရီ ၂၅ ရက်တွင် ကုလားအုတ်ပွဲတော် ကျင်းပခဲ့ကြောင်း သိရသည်။
အဆိုပါ ကုလားအုတ်ပွဲတော်ကို မွန်ဂိုလီးယားသမ္မတ Ukhnaa Khurelsukh ၏ ကူညီပံ့ပိုးမှုအောက် တွင် ယဉ်ကျေးမှု၊ အားကစား၊ ခရီးသွားလာရေးနှင့် လူငယ်ဝန်ကြီးဌာန၊ အစားအစာ၊ စိုက်ပျိုးရေးနှင့် အသေးစားစက်မှုဝန်ကြီးဌာန ကဲ့သို့သော ပြည်နယ်အုပ်ချုပ်ရေးမှူးရုံးများက စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
အဆိုပါ ပွဲတော်သို့ မွန်ဂိုလီးယားနိုင်ငံတစ်ဝန်း ရာနှင့်ချီသည့် ကုလားအုတ်ထိန်းသိမ်းစောင့်ရှောက်သူနှင့် ကုလားအုတ်များသည် ပြည်နယ်၏ မြို့တော် မန်ဒယ်ဂိုဗီ၌ နှစ်ရက်ကြာကျင်းပသည့် ပွဲတော်၌ ပါဝင်ဆင်နွှဲခဲ့ကြောင်း သိရသည်။
အဆိုပါပွဲ၌ ကုလားအုတ်စီးအပြေးပြိုင်ပွဲ၊ ကုလားအုတ်စီတန်းလမ်းလျှောက်ခြင်း၊ ကုလားအုတ်လက်ဆင့်ကမ်းအပြေးပြိုင်ပွဲနှင့် ကုလားအုတ်ပစ္စည်းများ ပြသခြင်း စသည်တို့ပါဝင်ကြောင်း သိရသည်။
၂၀၂၅ ခုနှစ်အတွင်း မွန်ဂိုလီးယားနိုင်ငံ၌ ကုလားအုတ်အရေအတွက်မှာ ၅၀၁၀၀၀ ကျော်ရှိကြောင်း တိရစ္ဆာန်စစ်တမ်းများအရ သိရသည်။ ဒန်းဂိုဗီသည် မြို့တော် အူလန်ဘာတာမှ ၂၄၀ ကီလိုမီတာခန့်အကွာ မွန်ဂိုလီးယားနိုင်ငံတောင်ပိုင်းတွင် တည်ရှိကြောင်း သိရသည်။
ဆင်ဟွာ


