မတ် ၁၅

မွန်ဂိုလီးယားနိုင်ငံတွင် လွန်ခဲ့သော ၂၄ နာရီအတွင်း ဝက်သက်ရောဂါဖြစ်ပွားသူ ၂၄ ဦး ထပ်မံတွေ့ရှိရာ ဝက်သက်ရောဂါဖြစ်ပွားသူ ၅၁ ဦးရှိလာကြောင်း အမျိုးသားကူးစက်ရောဂါများဆိုင်ရာဗဟိုဌာန အင်န်စီစီဒီက ယနေ့တွင် ပြောကြားသည်။

မိဘများအနေဖြင့် ၎င်းတို့၏ကလေးများတွင် အစောပိုင်းအဆင့်၌ ဝက်သက်ရောဂါလက္ခဏာများပြသပါက အထူးဂရုစိုက်ရန်နှင့် ချက်ချင်းပင် အရေးပေါ်ဆေးကုသမှုခံယူရန် အင်န်စီစီဒီက တိုက်တွန်း ပြောကြားထားသည်။

ဝက်သက်ရောဂါသည်ရောဂါရှိသူနှင့်တိုက်ရိုက်ထိတွေ့မှုရှိပြီး အသက်ရှူလမ်းကြောင်းများမှတစ်ဆင့်အလွယ်တကူ ကူးစက်မှုမြင့်မားသောရောဂါဖြစ်သည်။

အများဆုံးဖြစ်လေ့ရှိသောရောဂါလက္ခဏာများတွင် ဖျားနာခြင်း၊ ချောင်းခြောက်ဆိုးခြင်း၊ နှာရည်ယိုခြင်း၊ လည်ချောင်းနာခြင်းနှင့် မျက်စိနီခြင်းတို့ပါဝင်ပြီး ကာကွယ်ဆေးထိုးနှံခြင်းဖြင့် ကြိုတင်ကာကွယ်နိုင်သည်ဟု သိရသည်။

ဝက်သက်ရောဂါအတွက် တိကျသောကုသမှုမရှိကြောင်းနှင့် လူနာအများစုမှာ သီတင်းပတ်နှစ်ပတ်မှ သုံးပတ်အတွင်း ပြန်လည်ကောင်းမွန်လာကြောင်း ဖော်ပြထားသည်။

 

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-မြင့်မြင့်ချို