မွန်ဂိုလီးယားနိုင်ငံ၌ တစ်ရက်အတွင်း ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ ၉၂၇ ဦး ထပ်မံတွေ့ရှိ

မေ ၃၁

 

မွန်ဂိုလီးယားနိုင်ငံတွင် တစ်ရက်အတွင်း ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ ၉၂၇ ဦး ထပ်မံတွေ့ရှိခဲ့ပြီး ရောဂါကူးစက်ခံရသူပေါင်း ၅၈၄၃၉ ဦးအထိ ရှိလာသည်ဟု ကျန်းမာရေးဝန်ကြီးဌာနက ယနေ့တွင် ဖော်ပြထားသည်။

 

မကြာသေးမီရက်များအတွင်း နိုင်ငံတစ်ဝန်း ကိုဗစ်-၁၉ ရောဂါ နေ့စဉ်ကူးစက်မှုနှုန်းမြင့်မားလာသဖြင့် ကျန်းမာရေး ဝန်ကြီးဌာနက ပြည်သူများအနေဖြင့် လူနေထူထပ်သောနေရာများတွင် နှာခေါင်းစည်းများ အမြဲဝတ်ဆင်ထားရန်နှင့် ကျန်းမာရေးဆိုင်ရာ ညွှန်ကြားချက်များကို လိုက်နာဆောင်ရွက်ကြရန် တိုက်တွန်း ပြောကြားထားသည်။

 

နိုင်ငံတစ်ဝန်းတွင် ၂၀၂၀ ခုနှစ် မတ်လလယ်က ကိုဗစ်-၁၉ ရောဂါ  ဖြစ်ပွားခဲ့ချိန်မှစတင်ကာ ထိုရောဂါ ကူးစက်ခံရမှုကြောင့် သေဆုံးသူ ၂၉၀ ရှိပြီး ကျန်းမာရေးပြန်လည်ကောင်းမွန်လာသူ ၅၀၄၃၆ ဦး ရှိသည်။

 

ဖေဖော်ဝါရီလနှောင်းပိုင်းက ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံမှုစတင်လုပ်ဆောင်ခဲ့ပြီး လူဦးရေ ဒသမ သန်းကို ကာကွယ်ဆေးထိုးနှံပေးရန် ရည်မှန်းထားသည်။

 

နိုင်ငံတစ်ဝန်းတွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ပထမအကြိမ်ထိုးနှံပြီးသူ ၁၈၅၄၆၀၀ ကျော်ရှိပြီး ထိုကာကွယ်ဆေးနှစ်ကြိမ်ထိုးနှံပြီးသူ ၁၂၂၉၂၀၀ ကျော် ရှိသည်။

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-မြင့်မြင့်ချို