မွန်ဂိုလီးယားနိုင်ငံ၌ တစ်ရက်အတွင်း ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသူ ၁၀၂၄ ဦး ထပ်မံတွေ့ရှိ

ဇွန် ၃

 

မွန်ဂိုလီးယားနိုင်ငံတွင် လွန်ခဲ့သည့်ရက်အတွင်း ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသူ ၁၀၂၄ ဦး ထပ်မံတွေ့ရှိခဲ့သည်။

 

နိုင်ငံတစ်ဝန်း ရောဂါကူးစက်ခံရသူပေါင်း ၆၁၃၉၆ ဦးအထိ ရှိလာသည်ဟု ကျန်းမာရေးဝန်ကြီးဌာနက ယနေ့တွင် ပြောကြားခဲ့သည်။

 

အဆိုပါ ကိုဗစ်-၁၉ ရောဂါကူးစက်ခံရမှုကြောင့် နှစ်ဦးထပ်မံသေဆုံးခဲ့ပြီး သေဆုံးသူပေါင်း ၃၀၂ ဦး ရှိသည်။

 

ဆေးကုသမှုခံယူပြီးနောက် ကျန်းမာရေးကောင်းမွန်လာသူပေါင်း ၅၁၉၈၃ ဦး ရှိသည်။

 

နိုင်ငံတစ်ဝန်းတွင် ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံမှုကို ဖေဖော်ဝါရီလနှောင်းပိုင်းက စတင်လုပ်ဆောင်ခဲ့ပြီး လူဦးရေ ၃ ဒသမ ၃ သန်းအား ကာကွယ်ဆေးထိုးနှံပေးရန် ရည်မှန်းထားသည်။

 

လက်ရှိအခြေအနေတွင် ကိုဗစ်ကာကွယ်ဆေး ပထမအကြိမ်ထိုးနှံပြီးသူ ၁၈၆၀၉၀၀ ကျော်ရှိပြီး ကာကွယ်ဆေး နှစ်ကြိမ်ထိုးနှံပြီးသူ ၁၃၇၃၀၀၀  ကျော်ရှိသည်။

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-မြင့်မြင့်ချို