ရန်ကုန် ဇူလိုင် ၂၇

 

ရန်ကုန်တိုင်းဒေသကြီး မင်္ဂလာတောင်ညွန့်မြို့နယ် အမှတ်(၁၇)အခြေခံပညာမူလတန်းကျောင်းတွင် ယနေ့နံနက်ပိုင်းက မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန၏ ဦး‌ဆောင်မှုဖြင့် ကျောင်းကျန်းမာရေး ဆောင်ရွက်သည်။

 

ကျောင်းကျန်းမာရေးဆောင်ရွက်ရာတွင် ကျောင်းသား ကျောင်းသူများအား စနစ်မှန်သွားတိုက်နည်း၊ လက်ဆေးနည်းများအား လက်တွေ့သရုပ်ပြသင်ကြားခြင်း၊ ကျောင်းမုန့်စျေးတန်းများကို ကျန်းမာရေးနှင့် ညီညွတ်စေရန် စစ်ဆေးကြည့်ရှုခြင်း၊ ကျောင်းမုန့်ဈေးသည်များအား သန်ချဆေးတိုက်ကျွေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

မြတ်မြတ်အေး(ပြန်/ဆက်)