မင်္ဂလာပါခင်ဗျာနှင့် အတွေးရသစာစုများ စာအုပ်ထွက်ရှိ

စာရေးသူ ဒေါက်တာမြင့်သန်း(ညောင်လေးပင်) စီစဉ်ရေးသားသည့် မင်္ဂလာပါ ခင်ဗျာနှင့် အတွေးရသစာစုများ စာအုပ်ထွက်ရှိလာသည်။

 

မင်္ဂလာဆိုသည့် ပြည့်စုံကုံလုံခြင်းအကြောင်းတရား၊ ခပ်သိမ်း ဥသုံပြည့်စုံခြင်း၏ အကြောင်းလို့လည်း ဆိုပါတယ်။ တစ်ဦးနဲ့တစ်ဦး တွေ့ကြတဲ့အခါ မင်္ဂလာပါဆိုကြခြင်းကိုက ကျက်သရေရှိလှပါတယ်။ နေ့တစ်နေ့ကို မင်္ဂလာဆိုတဲ့စကားနဲ့ ကြိုဆိုလိုက်ရခြင်းကကောင်းသော နေ့တစ်နေ့အဖြစ် သတ်မှတ်လိုက်ခြင်းလည်း ဖြစ်ပါတယ်။ မြန်မာတို့ရဲ့ ချစ်ခင်နှစ်သစ်ဖွယ် "မင်္ဂလာပါ"ဆိုတဲ့ စကားလေးဟာ တစ်ကမ္ဘာလုံးကို ပျံ့နှံ့နေပါပြီ။ စာရှုသူတို့အတွက် တစ်မူထူးခြားတဲ့ခံစားမှုတွေ ရနိုင်လိမ့်မယ်။ တွေးစရာလေးတွေ ရနိုင်လိမ့်မယ်လို့လဲထင်မိပါတယ်။

 

စာအုပ်ကို ရှင်မတောင်စာပေ၊ အမှတ် ၂၉၆၊ ၁/အနော်မာ (၇) လမ်း၊ သာကေတမြို့နယ် ရန်ကုန်မြို့ ဖုန်း-ဝ၉-၇၉၈၁၈၉၁၄၈နှင့် ဝ၉၇၇၇၁၃၉၄၇၇တို့မှ တန်ဖိုးငွေကျပ် ၃၀ဝ၀ဖြင့် ဖြန့်ချိသည်။

 

ကြေးမုံ(စာအုပ်စင်)