မင်းဘူးမြို့တွင် ကုလားပဲဈေးကျပြီး အရောင်းအဝယ်အေးနေ

မင်းဘူး  မေ  ၆

 

မကွေးတိုင်းဒေသကြီး၊ မင်းဘူးမြို့တွင် အခြားသီးနှံဈေးများ ဈေးအသင့်အတင့်ဖြင့် ရောင်းဝယ်နေကြ သော်လည်း ကုလားပဲဈေးကျပြီး အရောင်းအဝယ်အေးနေကြောင်း ပွဲရုံလုပ်ငန်းရှင်တစ်ဦးထံမှ သိရသည်။

 

ကုလားပဲကို ယခင်လများက မင်းဘူးမြို့အနေနဲ့ တစ်နေ့လျှင် ကုလားပဲတင်ရေ ၉၀၀၀ ကျော် ၁၀၀၀၀ ဝန်းကျင်ကို ဈေး ၄၉၀၀၀/၅၀၀၀၀ နဲ့ ဝင်ရောက်လျက်ရှိပြီး ယခုရက်ပိုင်းတွင် ကုလားပဲဈေး ၄၂၀၀၀ ဈေးဖြင့် တင်းရေ ၆၀၀/၇၀၀ သာ ဝင်ရောက်တဲ့အတွက် ကုလားပဲဝင်ရောက်မှုနှင့် ရောင်းဝယ်မှုမှာ အေးနေသေး ကြောင်း သိရသည်။

 

 “ကျွန်တော်တို့ပွဲရုံက နှမ်းဖြူ၊ နှမ်းနက်၊ နေကြာ၊ ပဲစင်းငုံ၊ ပဲကြီး၊ ပဲနောက်၊ ပဲတီစိမ်း၊ ကုလားပဲ စသည်ဖြင့် သီးနှံအမျိုးမျိုး ဝယ်ယူလျက်ပြီး မင်းဘူးမြို့မှ ပဲခွဲစက်များနှင့် ပြည်မြို့နှင့် ရန်ကုန်မြို့များသို့ အများဆုံး ရောင်ချရပြီး အခြားသီးနှံတွေထက် ကုလားပဲသီးနှံက အရောင်းအဝယ်အေးနေပါတယ်’’ ဟု ပွဲရုံပိုင်ရှင် ဦးတင်မောင်ထွန်းက ပြောသည်။

 

ဇေယျာထက်(မင်းဘူး)