မင်းဘူး၊ ၁၈ ဒီဇင်ဘာ
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူးမြို့ရှိ ခရိုင်ပြည်သူ့ဆေးရုံ သီးသန့်ဆောင်တွင် ဆေးကုသမှုခံယူနေသော ကိုဗစ်-၁၉ အတည်ပြုလူနာ(၁၄)ဦးကို ဒီဇင်ဘာ ၁၈ရက် နံနက်ပိုင်းက ဆေးရုံဆင်းခွင့်ပြုလိုက်ကြောင်း ခရိုင်ပြည်သူ့ဆေးရုံအုပ်ကြီး ဒေါက်တာတင့်ခိုင်က ပြောသည်။
ဆေးရုံဆင်းခွင့်ရသူတွေအားလုံးမှာ ကန်ရေကျေးရွာက အမျိုးသား(၆)ဦးနှင့် အမျိုးသမီး (၈)ဦးတို့ဖြစ်ကြောင်း၊ အဆိုပါ(၁၄)ဦးအား ဒီဇင်ဘာ ၈ ရက်က RTD Test Kits ဖြင့် ရယူစစ်ဆေး ခဲ့ရာမှ ရောဂါပိုးတွေ့ရှိခဲ့ခြင်းဖြစ်ကြောင်း၊ ကျန်းမာရေးကောင်းမွန်၍ ဆေးရုံဆင်းခွင့် ပြုလိုက်ခြင်းဖြစ်ပြီး ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ ညွှန်ကြားချက်များနှင့်အညီ နေအိမ်မှာ Home Quarantine (၇)ရက် အသွားအလာ ကန့်သတ်နေထိုင်ရမှာဖြစ်ကြောင်း ၎င်းက ပြောကြားသည်။
မင်းဘူးမြို့တွင် ဒီဇင်ဘာ (၁၈)ရက် နံနက်ပိုင်းအချိန်ထိ အတည်ပြုလူနာဦးရေ (၁၇၀)၊ ဆေးရုံ ဆင်းခွင့်ရသူ (၁၄၉)ဦးနှင့် တက်ရောက်ကုသဆဲလူနာ (၁၉)ဦးကျန်ရှိကြောင်း၊ အတည်ပြု လူနာ များထဲမှ သေဆုံးသူ နှစ်ဦးရှိခဲ့ကြောင်း ခရိုင်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ သိရသည်။
မောင်မောင်(မင်းဘူး)


