မင်းဘူး အောက်တိုဘာ ၈
မကွေးတိုင်းဒေသကြီး၊ မင်းဘူး(စကု)မြို့နယ်တွင် ၂၀၂၄ ခုနှစ်၊ လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်း ကောက်ယူခြင်းလုပ်ငန်းအား အောက်တိုဘာ ၁ ရက်မှ စတင်၍ ဆောင်ရွက်လျက်ရှိရာ ယနေ့ အောက်တိုဘာ ၈ နေ့တွင် မင်းဘူးမြို့ အမှတ် (၄) ရပ်ကွက်၌ ဆက်လက်ကောက်ယူလျက်ရှိကြောင်း သိရသည်။
မင်းဘူး(စကု)မြို့နယ်တွင် ကောက်ကွက်ပေါင်း (၄၁၈)ကွက်ရှိပြီး စာရင်းစစ်၊ စာရင်းကောက် (၁၄၉)ဦးတို့က ၂၀၂၄ ခုနှစ်၊ လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်း စနစ်တကျ ကောက်ယူခြင်းလုပ်ငန်းအား ဆောင်ရွက်လျက်ရှိရာ ယနေ့အထိ ကောက်ကွက်ပေါင်း (၃၁)ကွက်မှ အိမ်ထောင်စုပေါင်း (၂၁၉၀၈)အိမ်ကို ကောက်ယူပြီးစီးသွားပြီဖြစ်ကြောင်း သိရသည်။
အဆိုပါ သန်းခေါင်စာရင်း ကောက်ယူရာ၌ မင်းဘူးမြို့ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးဇော်မိုးသက်၊ မြို့နယ်အဆင့် ကြီးကြပ်မှုကော်မတီဝင်များ ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် တာဝန်ရှိသူများက ရပ်ကွက်နှင့် ကျေးရွာများသို့ လှည့်လည်ကွင်းဆင်း၍ ကြည့်ရှုအားပေးကာ လိုအပ်သည်များ ကူညီပံ့ပိုးဆောင်ရွက်ပေးပေးခဲ့ကြောင်း သိရသည်။
၅၀၄