မံစီမြို့နယ်၌ မြို့နယ်အဆင့် အင်္ဂလိပ်စာနှင့် သင်္ချာစွမ်းရည် ပြိုင်ပွဲကျင်းပ

မံစီ  နိုဝင်ဘာ ၂၃

 

ကချင်ပြည်နယ် ဗန်းမော်ခရိုင် မံစီမြို့နယ် အခြခံပညာအထက်တန်းကျောင်း(မံစီ)၌ ယနေ့ နံနက် ၉ နာရီက ၂၀၂၂-၂၀၂၃ ပညာသင်နှစ် မြို့နယ်အဆင့် အင်္ဂလိပ်စာနှင့် သင်္ချာစွမ်းရည်ပြိုင်ပွဲကို ကျင်းပခဲ့သည်။ 

 

အဆိုပါပြိုင်ပွဲကို မြို့နယ်ပညာရေးမှူး ဒေါ်တင်မာဆွေ၏ အနီးကပ်ကြီးကြပ်မှုဖြင့် ဆောင်ရွက် လျက်ရှိပြီး အင်္ဂလိပ်စာစွမ်းရည်တွင် Grade-5 မှ Grade-9 အထိကျောင်းသားကျောင်းသူ (၄၆)ဦး သင်္ချာစွမ်းရည် Grade-5 မှ Grade-9 အထိ ကျောင်းသား ကျောင်းသူ (၅၁)ဦး၊ စုစုပေါင်း  ကျောင်းသား ကျောင်းသူများ(၉၇)ဦး ပါဝင်ဖြေဆိုယှဉ်ပြိုင်ခဲ့ကြကြောင်း၊ ပြိုင်ပွဲအတွင်းမှ Grade-5 မှ Grade-9 အထိ ဘာသာရပ်(၁)ခုအတွက် အတန်း(Grade) (၁)တန်းလျှင်  ထူးချွန်ကျောင်းသား(၁)ဦးနှင့်  ထူးချွန် ကျောင်းသူ (၁)ဦးကိုရွေးချယ်ကာ ပြည်နယ်အဆင့်ပြိုင်ပွဲတွင် ဝင်ရောက်ဖြေဆိုယှဉ်ပြိုင်ရန်အတွက် ဆက်လက်ပြင်ဆင် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။  

မြို့နယ်(ပြန်/ဆက်)