မြန်အောင် ဧပြီ ၁

 

သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန သာသနာရေးဦးစီးဌာနက ကြီးမှူးကျင်းပသော ၂၀၂၆ ခုနှစ် အစိုးရပါဠိပထမပြန်စာမေးပွဲ (စတုတ္ထ)နေ့ကို ယနေ့တွင် ဧရာဝတီတိုင်းဒေသကြီး မြန်အောင်မြို့ မုံရွာပရိယတ္တိစာသင်တိုက် အုန်းပင်ဓမ္မာရုံ၌ ကျင်းပသည်။

 

အစိုးရပါဠိပထမပြန်စာမေးပွဲ(စတုတ္ထ) နေ့တွင် တိကမာတိကာ ဘာသာအား အခြေပြု မူလတန်း(၂၉)ပါး၊ တိကမာတိကာ၊ ဒုကမာတိကာနှင့် ဓာတုကထာဘာသာတို့အား ပထမငယ်တန်းအပါး ၂၀၊ သုတ္တန္တိက မာတိကာနှင့် ဓာတုကထာဘာသာတို့အား ပထမလတ်တန်း ၁၂ ပါးနှင့် အဘိဓာန်၊ အလင်္ကာ၊ ဆန်းဘာသာတို့အား ပထမကြီးတန်း ငါးပါး စုစုပေါင်း ၆၆ ပါးတို့ ဝင်ရောက်ဖြေဆိုလျက်ရှိပြီး မြို့နယ်သံဃနာယက ဆရာတော်ကြီးနှင့် ကြီးကြပ်ဆရာတော်ကြီးများ၊ ကြီးကြပ်အဖွဲ့ဝင်များက စိတ်အေးချမ်းသာစွာဖြေဆိုနိုင်စေရေး ဆောင်ရွက်ပေးလျက်ရှိသည်။ အဆိုပါ အစိုးရပါဠိပထမပြန်စာမေးပွဲကို မတ် ၂၉ ရက်မှ ဧပြီ ၄ ရက်အထိ ကျင်းပမည်ဖြစ်ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)