မွမ်ဘိုင်းရှိ ဆင်းရဲသား ရပ်ကွက်တွေမှာ နေထိုင်သူ တစ်ဝက်ကျော်မှာ ဗိုင်းရပ်စ်ပိုး ရှိနေကြောင်း လေ့လာတွေ့ရှိ

၂၉ ဇူလိုင်

 

 

အိန္ဒိယနိုင်ငံ မွမ်ဘိုင်းမြို့ရှိ ဆင်းရဲသား ရပ်ကွက်တွေမှာ နေထိုင်သူတဲ့ သူတွေရဲ့ တစ်ဝက်ကျော်မှာ ကိုရိုနာ ဗိုင်းရပ်စ်ပိုး တွေ့ရှိကြောင်း အင်္ဂါနေ့က ထုတ်ပြန်တဲ့ လေ့လာတွေ့ရှိချက်အရ သိရပါတယ်။

 

 

အိန္ဒိယနိုင်ငံဟာ ကမ္ဘာမှာ ဗိုင်းရပ်စ်ပိုး တွေ့ရှိသူ တတိယ အများဆုံးဖြစ်ပြီး အမေရိကန်နဲ့ ဘရာဇီး နိုင်ငံတို့ရဲ့ နောက်မှာ ရှိနေပါတယ်။ အိန္ဒိယနိုင်ငံမှာ ဗိုင်းရပ်စ်ပိုး တွေ့ရှိသူ ၁.၅ သန်း ကျော် ရှိနေပေမယ့် ရောဂါပိုး စစ်ဆေးမှု လိုအပ်နေသေးတဲ့ အတွက် ဖြစ်နိုင်ခြေပမာဏထက် နည်းနေကြောင်း ပြောဆိုမှုတွေ ရှိနေပါတယ်။

 

 

မွမ်ဘိုင်းမြို့မှာ နေထိုင်တဲ့ သူတွေထဲမှ လူပေါင်း ၆,၉၃၆ ဦးကို အစီအစဉ်တိုင်း မဟုတ်ဘဲ ရွေးချယ်ပြီး ဗိုင်းရပ်စ်ပိုး စစ်ဆေးရာ ဆင်းရဲသား ရပ်ကွက်တွင် နေထိုင်သူ ၅၇ ရာခိုင်နှုန်းမှာ ပိုးတွေ့ရှိပြီး ဆင်းရဲသား ရပ်ကွက်မဟုတ်တဲ့ နေရာမှာ နေထိုင်သူတွေ ထဲက ၁၆ ရာခိုင်နှုန်းမှာသာ ရောဂါပိုး တွေ့ရှိကြောင်း သိရပါတယ်။

 

 

မွမ်ဘိုင်းမှာ နေထိုင်သူရဲ့ ၄၀ ရာခိုင်နှုန်းဟာ ဆင်းရဲသား ရပ်ကွက်မှာ နေထိုင်ကြပြီး လက်ရှိအချိန်အထိ အဲဒီရပ်ကွက်တွေမှာ နေထိုင်သူ ၁၁၀,ဝ၀ဝ  မှာ ရောဂါပိုး တွေ့ရှိပြီး ၆,ဝ၀ဝ ကျော် သေဆုံးကြောင်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

 

 

လူဦးရေ သန်း ၂၀ နေထိုင်တဲ့ မွမ်ဘိုင်းမြို့ရဲ့ အကြီးဆုံးဖြစ်တဲ့ ဆင်းရဲသား ရပ်ကွက် ဒါရာဗီမှာ လူ တစ်သန်း နီးပါးနေထိုင်ကြောင်း သိရပါတယ်။

 

 

မွမ်ဘိုင်းမြို့ရဲ့ ဗိုင်းရပ်စ်ပိုး ကူးစက်မှု လေ့လာချက်ဟာ ပြီးခဲ့တဲ့ သီတင်းတစ်ပတ်က နယူးဒေလီမြို့ရဲ့ ဗိုင်းရပ်စ်ပိုး ကူးစက်မှု လေ့လာချက် ထွက်လာပြီးနောက် ထုတ်ပြန်ခဲ့တာ ဖြစ်ပါတယ်။ လူဦးရေ သန်း ၂၀ ကျော် နေထိုင်တဲ့ နယူးဒေလီမြို့မှာ လေးပုံတစ်ပုံသော မြို့ခံတွေမှာ ဗိုင်းရပ်စ်ပိုး တွေ့ရှိကြောင်း လေ့လာတွေ့ရှိချက်မှာ ဖော်ပြထားပါတယ်။

 

 

MDN

ကိုးကား- AFP