မလှိုင် ၂၀ ဖေဖော်ဝါရီ
မန္တလေးတိုင်းဒေသကြီး မလှိုင်မြို့နယ် အားကစားနှင့် ကာယပညာဦးစီးဌာနမှ ကြီးမှူး၍ နွေရာသီ ကျောင်းပိတ်ရက်များတွင် အားကစားနည်းသင်တန်း(၅)မျိုးကို မတ်လဒုတိယပတ်မှ စတင်၍ ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း မြို့နယ်အားကစားနှင့် ကာယပညာဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်ဖြိုးစန္ဒာဝင်းထံမှ သိရသည်။
နွေရာသီကာလတွင် ဖွင့်လှစ်မည့်သင်တန်းများမှာ ဘောလုံး၊ ကြက်တောင်၊ မြန်မာ့သိုင်း၊ စားပွဲတင် တင်းနစ်နှင့် ပြေးခုန်ပြစ် အားကစားနည်းများကို မတ်လ ၁၅ ရက်မှ ဧပြီလ ၃ ရက်နေ့အထိ ရက် (၂၀) ကြာ ဖွင့်လှစ်သွားမည်ဖြစ်သည်။
အဆိုပါသင်တန်းများကို အားကစားအဆင့်အတန်း တိုးတက်မြင့်မားလာစေရန်၊ မျိုးဆက်သစ် အားကစားသမားများ ပေါ်ထွက်လာစေရန်၊ သက်တန်းအလိုက် အားကစားသမားများ ပေါ်ထွက်လာပြီး အားကစားနှင့် ကာယပညာသိပ္ပံသို့ တက်ရောက်မည့် အာကစားသမားများ ပေါ်ပေါက်လာစေရန် ရည်ရွယ်ကျင်းပခြင်းဖြစ်ကြောင်း သိရသည်။
အောင်ဌေး (မလှိုင်)