မလေးရှားနိုင်ငံတွင်  ကိုဗစ် - ၁၉  ကူးစက်ဖြစ်ပွားမှု  အမြင့်ဆုံးစံချိန်တင်

ကွာလာလမ်ပူ မေ ၂၄

မလေးရှားနိုင်ငံတွင် မေ ၂၃ ရက် က တစ်နေ့အတွင်း ကိုဗစ်- ၁၉ နေ့စဉ် ကူးစက်ဖြစ်ပွားမှု ၆၉၇၆ ဦးဖြင့် ကိုဗစ်-၁၉ ကူးစက်ဖြစ်ပွား မှု အမြင့်ဆုံး စံချိန်တင်ခဲ့သည်။

ကိုဗစ်-၁၉ ကူးစက်ဖြစ်ပွားမှုကို တုံ့ပြန်သောအားဖြင့် အစိုးရသည် တင်းကျပ်သော ကန့်သတ် ပိတ်ဆို့မှုများကို ချမှတ်ရန် ဆုံးဖြတ်ခဲ့သည်။

ကိုဗစ်-၁၉ကန့်သတ်ပိတ်ဆို့မှုသစ်များတွင် အစိုးရဝန်ထမ်း ၈ဝ ရာခိုင်နှုန်းနှင့် ပုဂ္ဂလိကကဏ္ဍများတွင် လုပ်ကိုင်နေသော အလုပ်သမား ၄၀ ရာခိုင်နှုန်း အိမ်မှ အလုပ်လုပ်ရန် ပါဝင်သည်။ ပြည်သူ့ သယ်ယူပို့ဆောင်ရေး လုပ်ငန်းများကိုလည်း ထက်ဝက်လျှော့ချလိုက်ပြီး ပြေးဆွဲချိန်များ ကိုလည်း နာရီလျှော့ချလိုက်သည်။

အဆိုပါ ကိုဗစ်-၁၉ကန့်သတ် ပိတ်ဆို့မှုသစ်များသည် မေ ၂၅ ရက်မှ ဇွန် ၆ ရက်အထိ ကြာမြင့် မည်ဖြစ်ကြောင်း သိရသည်။

မလေးရှားနိုင်ငံသည် ယခုလ အစောပိုင်းတွင် တစ်နိုင်ငံလုံး ကန့်သတ်ပိတ်ဆို့မှု ချမှတ်ထားသည်။ ကျောင်းများကိုလည်း ပိတ်ထားပြီး ပြည်သူများကိုလည်း ပြည်နယ်နှင့် ဒေသများသို့ ခရီးသွားလာခြင်း မပြုလုပ်ရန် တားမြစ်ထားသည်။ ။

ဝန်ကြီးချုပ် မူယစ်ဒင် ယက်ဆင်က မေ ၂၃ ရက်က နိုင်ငံပိုင် အသံလွှင့်ဌာနက ထုတ်လွှင့်သော တွေ့ဆုံမေးမြန်းခန်းတွင် အကယ်၍ အစိုးရအနေဖြင့် စီးပွားရေးကဏ္ဍ အပါအဝင် အလုံးစုံ ကန့်သတ်ပိတ်ဆို့မှု ပြုလုပ်ခဲ့မည်ဆိုပါက နိုင်ငံ၏ စီးပွားရေး ပြိုလဲသွားမည့်အကြောင်း ရှင်းလင်းပြောကြားသည်။ ။

ဝန်ကြီးချုပ်က ပြည်သူကို ထောက်ပံ့ရန်နှင့် တင်းကျပ်သည့် ကန့်သတ်ပိတ်ဆို့မှုကာလအတွင်း စီးပွားရေး ဆက်လက်ရှင်သန်နေစေရန် ဘဏ်လုပ်ငန်းဆိုင်ရာ ဆောင်ရွက်ချက်များကို စွမ်းဆောင် ပေးနိုင်ဦးမည်မဟုတ်ကြောင်း ပြောကြားသည်။

မလေးရှားနိုင်ငံတွင် ယခု အချိန်အထိ ကိုဗစ်- ၁၉ ကူးစက် ဖြစ်ပွားသူ ၅၁ဝဝဝဝ ကျော် ရှိလာ ပြီဖြစ်သည်။

 

အင်န်အိတ်ချ်ကေ