မလေးရှားနိုင်ငံ၌ တစ်ရက်အတွင်း ( ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ ၂၀၃၉၆ ဦးရှိ

ကွာလာလမ်ပူ စက်တင်ဘာ ၆

မလေးရှားနိုင်ငံ၌ ယနေ့တွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသူ၂၀၃၉၆ ဦးရှိခြင်းကြောင့် နိုင်ငံတစ်ဝန်းတွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသူစုစုပေါင်း ၁၈၄၄၈၃၅ ဦးရှိလာကြောင်း မလေးရှားကျန်းမာရေး ဝန်ကြီးဌာနက သတင်းထုတ်ပြန်သည်။

အဆိုပါတစ်ရက်အတွင်း ကူးစက်ခံရသူများအနက် ၂၀၃၈၈ ဦးသည် ပြည်တွင်း၌ ကူးစက်ခံရသူများ ဖြစ်ကြောင်းနှင့် ရှစ်ဦးသည် ပြည်ပမှ ပြန်လည်ရောက်ရှိလာသူများအနက်မှ ကူးစက်ခံရသူများဖြစ်ကြောင်း မလေးရှား ကျန်းမာရေးဝန်ကြီးဌာနမှ ညွှန်ကြားရေးမှူးချုပ် နော်ဟစ်ရှမ်အဗ္ဗဒူလာက သတင်းစာရှင်းလင်းပွဲတွင် ပြောကြားသည်။

ထို့ပြင် မလေးရှားနိုင်ငံ၌ ကိုဗစ်-၁၉ ရောဂါကြောင့် သေဆုံးသူ ၃၃၆ ဦးထပ်တိုးလာခြင်းကြောင့် ကိုဗစ်-၁၉ ရောဂါကြောင့် သေဆုံးသူစုစုပေါင်း ၁၈၂၁၉ ဦးရှိလာကြောင်း သိရသည်။ ယနေ့တွင် မလေးရှားနိုင်ငံ၌ ကိုဗစ်-၁၉ ရောဂါမှ ပြန်လည် ကျန်းမာလာသဖြင့် ဆေးရုံများမှ ဆင်းခွင့်ရရှိသူ ၂၀၅၇၃ ဦး ရှိခြင်းကြောင့် ကိုဗစ်-၁၉ ရောဂါမှ ပြန်လည်ကျန်းမာလာသူ စုစုပေါင်း ၁၅၇၀၈၂၇ ဦး ရှိလာကြောင်းနှင့် ယင်းအရေအတွက်သည် နိုင်ငံတစ်ဝန်း ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသူ စုစုပေါင်း၏ ၈၅ ဒသမ ၁ ရာခိုင်နှုန်းရှိကြောင်း သိရသည်။

လက်ရှိတွင် မလေးရှားနိုင်ငံ၌ ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိဆဲလူနာ ၂၅၅၇၈၉ ဦးရှိကြောင်း၊ ယင်းတို့အနက် ၉၅၉ ဦးသည် အထူးကြပ်မတ်ကုသဆောင်များ၌ ဆေးဝါးကုသမှုခံယူလျက်ရှိကြောင်းနှင့် ၄၃၆ ဦးသည် အသက်ရှူ အထောက်အကူပြု ကိရိယာများ လိုအပ်လျက်ရှိကြောင်း သိရသည်။

မလေးရှားနိုင်ငံ၌ စက်တင်ဘာ ၅ ရက်တစ်ရက်တည်းမှာပင် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး အလုံးရေ ၃၀၀၅၀၁ အသုံးပြုခဲ့သည်။ လက်ရှိတွင် မလေးရှားနိုင်ငံ၌ နိုင်ငံလူဦးရေ၏ ၆၂ ဒသမ ၅ ရာခိုင်နှုန်းသည် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး တစ်ကြိမ်ထိုးနှံပြီးဖြစ်ကြောင်းနှင့် ၄၈ ဒသမ ၃ ရာခိုင်နှုန်းသည် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး နှစ်ကြိမ်ထိုးနှံပြီးဖြစ်ကြောင်း သိရသည်။

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-အလင်းသစ်