မလေးရှားနိုင်ငံ၌ ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ ၁၃၆၀ ထပ်မံတွေ့ရှိ

အောက်တိုဘာ ၃

မလေးရှားနိုင်ငံတွင် တစ်ရက်အတွင်း ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ ၁၃၆၀ ထပ်မံတွေ့ရှိခဲ့ပြီးနောက် ထိုရောဂါကူးစက်ခံရသူပေါင်း ၄၈၄၃၈၆၅ ဦး အထိရှိလာကြောင်း ကျန်းမာရေးဝန်ကြီးဌာနကပြောကြားသည်။

အဆိုပါရောဂါထပ်မံကူးစက်ခံရသူများအနက် တစ်ဦးသည်ပြည်ပကူးစက်မှုဖြစ်ပြီး ၁၃၅၉ ဦးသည် ပြည်တွင်းကူးစက်မှုဖြစ်သည်ဟု ထိုဝန်ကြီးဌာန၏ဝက်ဘ်ဆိုက်တွင် ဖော်ပြထားသည်။

ထိုရောဂါကူးစက်ခံရမှုကြောင့် တစ်ဦးထပ်မံသေဆုံးခဲ့ပြီးနောက် သေဆုံးသူပေါင်း ၃၆၃၇၅ ဦး အထိ ရှိလာသည်။

ကိုဗစ်ရောဂါကူးစက်ခံရသူများအနက် ဆေးကုသမှုခံယူပြီးနောက် ကျန်းမာရေးပြန်လည်ကောင်းမွန်လာသဖြင့် ဆေးရုံအသီးသီးမှဆင်းသွားသူပေါင်း ၄၇၈၃၃၉၃ ဦးရှိကြောင်း ထိုဝန်ကြီးဌာနက ပြောကြားသည်။

နိုင်ငံတစ်ဝန်းတွင် ကိုဗစ်ရောဂါဖြစ်ပွားဆဲလူနာ ၂၄၀၉၇ ဦး ရှိပြီး အထူးကြပ်မတ်ကုသဆောင်တွင် ကုသမှုခံယူနေသူ ၄၅ ဦး ရှိသည်ဟု သိရသည်။

ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မြင့်မြင့်ချို