မလေးရှားနိုင်ငံ၌ ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသူပေါင်း ၄၅၆၆၀၅၅ ဦး ရှိလာ

ဇူလိုင် ၁

 

မလေးရှားနိုင်ငံတွင် တစ်ရက်အတွင်း ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ ၂၈၆၇ ဦး ထပ်မံတွေ့ရှိခဲ့ပြီးနောက် ရောဂါကူးစက်ခံရသူပေါင်း ၄၅၆၆၀၅၅ ဦး ရှိလာကြောင်း ကျန်းမာရေးဝန်ကြီးဌာန၏ပြောကြားချက်အရ သိရသည်။

 

အဆိုပါရောဂါထပ်မံကူးစက်ခံရသူများအနက် ၂၈၆၃ ဦးသည် ပြည်တွင်းကူးစက်မှုဖြစ်ပြီး လေးဦးသည် ပြည်ပကူးစက်မှုဖြစ်သည်ဟု ထိုဝန်ကြီးဌာနက ဖော်ပြထားသည်။

 

ထိုရောဂါကူးစက်ခံရမှုကြောင့် နှစ်ဦးထပ်မံသေဆုံးခဲ့သဖြင့် သေဆုံးသူပေါင်း ၃၅၇၆၅ ဦးရှိလာသည်။

 

ကိုဗစ်ရောဂါကူးစက်ခံရပြီးနောက် ဆေးကုသမှုခံယူပြီး ကျန်းမာရေးပြန်လည်ကောင်းမွန်လာသူ ၂၁၄၅ ဦးရှိပြီး ဆေးရုံအသီးသီးမှဆင်းသွားသူပေါင်း ၄၅၀၀၈၅၆ ဦး ရှိလာသည်။

 

နိုင်ငံတစ်ဝန်းတွင် ကိုဗစ်-၁၉ ရောဂါဖြစ်ပွားဆဲလူနာ ၂၉၄၃၄ ဦးရှိပြီး အထူးကြပ်မတ်ကုသဆောင်တွင် ကုသမှုခံယူနေသူ ၄၃ ဦးရှိသည်ဟု သိရသည်။

 

နိုင်ငံအတွင်း ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး အနည်းဆုံးတစ်ကြိမ်ထိုးနှံပြီးသူ ၈၅ ဒသမ ၈ ရာခိုင်နှုန်း၊ ကိုဗစ်ကာကွယ်ဆေးအပြည့်အဝထိုးနှံပြီးသူ ၈၃ ဒသမ ၅ ရာခိုင်နှုန်းနှင့် ကိုဗစ်ကာကွယ်ဆေး အပိုဆောင်း ထိုးနှံပြီးသူ ၄၉ ဒသမ ၄ ရာခိုင်နှုန်းရှိကြောင်း သတင်းဖော်ပြထားသည်။

 

ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မြင့်မြင့်ချို