မလေးရှားနိုင်ငံ၌ ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသူပေါင်း ၄ ဒသမ ၅ သန်းကျော်ရှိလာ

ကွာလာလမ်ပူ ဇွန် ၂၀

 

မလေးရှားနိုင်ငံ၌ လွန်ခဲ့သည့် တစ်ရက်အတွင်း ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသူ ၁၆၉၀ ထပ်မံတွေ့ရှိ ခြင်းကြောင့် နိုင်ငံတစ်ဝန်း ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူပေါင်း ၄၅၄၀၆၁၂ ဦး ရှိလာကြောင်း မလေးရှားကျန်းမာရေး ဝန်ကြီးဌာနက ပြောကြားသည်။

 

အဆိုပါတစ်ရက်အတွင်း ကူးစက်ခံရသူများအနက် ၁၆၈၀ သည် ပြည်တွင်း၌ ကူးစက်ခံရသူများ ဖြစ်ကြောင်းနှင့် တစ်ဦးသည် ပြည်ပမှပြန်လည်ရောက်ရှိ လာသူဖြစ်ကြောင်း မလေးရှား ကျန်းမာရေးဝန်ကြီးဌာန၏ ဝက်ဘ်ဆိုက်တွင် ဖော်ပြထားသည့် အချက်အလက်များအရ သိရသည်။

 

လွန်ခဲ့သည့် တစ်ရက်အတွင်း ကိုဗစ်-၁၉ ရောဂါကြောင့် သေဆုံးသူ တစ်ဦးမျှမရှိသော်လည်း အဆိုပါရောဂါဖြင့်သေဆုံးသူပေါင်း ၃၅၇၁၂ ဦးရှိကြောင်း သိရသည်။

 

ထို့ပြင် ကိုဗစ်-၁၉ ရောဂါမှ ပြန်လည် ကျန်းမာလာသူ ၂၁၀၈ ဦးထပ်မံတွေ့ရှိ ခြင်းကြောင့် ရောဂါမှ ပြန်လည်ကျန်းမာ လာသူပေါင်း ၄၄၇၈၉၃၆ ဦး ရှိလာကြောင်း နှင့် လက်ရှိတွင် ကိုဗစ်-၁၉ ရောဂါပိုး တွေ့ရှိဆဲလူနာ စုစုပေါင်း ၂၅၉၄၄ ဦး ရှိကြောင်း သိရသည်။

 

အနည်းဆုံးတစ်ကြိမ် ထိုးနှံမှုခံယူပြီးဖြစ်

 

နိုင်ငံလူဦးရေ၏ ၈၅ ဒသမ ၈ ရာခိုင်နှုန်းသည် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး အနည်းဆုံးတစ်ကြိမ် ထိုးနှံမှုခံယူပြီးဖြစ်ကြောင်း၊ ၈၃ ဒသမ ၃ ရာခိုင်နှုန်းသည် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး နှစ်ကြိမ်ထိုးနှံမှုခံယူပြီး ဖြစ်ကြောင်းနှင့် ၄၉ ဒသမ ၄ ရာခိုင်နှုန်း သည် တတိယအကြိမ် အပိုဆောင်း ထိုးနှံမှုခံယူပြီးဖြစ်ကြောင်း သိရသည်။

 

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-အလင်းသစ်