မလေးရှားနိုင်ငံ၌ ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသူ ၁၅၄၄ ဦး ထပ်မံတွေ့ရှိ

မေ ၂၄

 

မလေးရှားနိုင်ငံတွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသူ ၁၅၄၄ ဦး ထပ်မံတွေ့ရှိခဲ့ပြီး ရောဂါကူးစက်ဖြစ်ပွားသူပေါင်း ၄၄၉၂၈၆၄ ဦးအထိရှိလာသည်ဟု ကျန်းမာရေးဝန်ကြီးဌာန၏ ပြောကြားချက်အရ သိရသည်။

 

ထိုရောဂါထပ်မံကူးစက်ခံရသူများအနက် ၁၅၄၁ ဦးသည် ပြည်ပကူးစက်မှုဖြစ်ပြီး သုံးဦးသည် ပြည်ပကူးစက်မှုဖြစ်ကြောင်း ထိုဝန်ကြီးဌာန၏ဝက်ဘ်ဆိုက်တွင် ဖော်ပြထားသည်။

 

အဆိုပါရောဂါကူးစက်ခံရမှုကြောင့် နှစ်ဦးထပ်မံသေဆုံးခဲ့ပြီး သေဆုံးသူပေါင်း ၃၅၆၄၅ ဦး အထိရှိလာသည်။

 

ယင်းရောဂါကူးစက်ခံရသူများသည် ဆေးကုသမှုခံယူပြီးနောက် ကျန်းမာရေးပြန်လည်ကောင်းမွန်လာသဖြင့် ဆေးရုံအသီးသီးမှဆင်းသွားသူပေါင်း ၄၄၃၂၀၇၁ ဦး ရှိသည်။

 

နိုင်ငံတစ်ဝန်းတွင် ကိုဗစ်ရောဂါဖြစ်ပွားဆဲလူနာ ၂၅၁၄၈ ဦးရှိပြီး ၎င်းတို့အနက် ၃၉ ဦးသည် အထူးကြပ်မတ်ကုသဆောင်တွင် ကုသမှုခံယူလျက်ရှိသည်။

 

ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မြင့်မြင့်ချို