မလေးရှားက ရေသူမလို ရေကူးနည်းသင်တန်း

၄ မတ် 

 

မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့ရဲ့ အနောက်တောင်ပိုင်းရှိ ကလန် ကမ်းရိုးတန်းမြို့မှာ ဒဏ္ဍာရီဆန်တဲ့ ရေသူမလို ရေကူးနည်းသင်တန်းကို လူကြိုက်များလာတာကို တွေ့ရပါတယ်။ သင်တန်းသူ အမျိုးသမီးငယ်လေးတွေဟာ ကိုယ်ခန္ဓာအပေါ်က ဘီကီနီ ရေကူးဝတ်စုံ ဝတ်ပြီး အောက်ပိုင်းမှာတော့ ရေသူမလို အရောင်တောက်တောက် ပလပ်စတစ်နဲ့ ပြုလုပ်ထားတဲ့ စူးတောင်ကို ဝတ်ဆင်ထားပါတယ်။ 

 

12.3


 
အဲဒီလို ရေသူမ ဝတ်စုံဝတ်ပြီး  ရေအောက်မှာ ရေသူမတစ်ယောက်လို ရေးကူးနေတဲ့ အမျိုးသမီးကို တာကို တွေ့ရပါတယ်။ 

 

ထူးခြားတဲ့ ရေကူးနည်းလေ့လာနေတာ ၃ နှစ်နည်းပါရှိဖြစ်တဲ့  အသက် ၂၇ နှစ်အရွယ် ရေသူမ ရေကူး သင်တန်းတက်နေသူက “ဒီရေကူးနည်းက သိပ်ခက်ခဲပါတယ်။ ရေထဲမှာ မျက်လုံးကို ဖွင့်ထားရတယ်လေ ခြေထောက်တွေက ချီနှောင်ခံထားပြီး ကူးရတာပါတယ်” လို့ ပြောပါတယ်။ 

 

2.03

 

အဲဒီရေကူးသင်တန်းမှာ သင်တန်းဆရာ ၅ ဦးရှိပြီး သင်တန်းသား ၅၀ဝ လောက်ရှိပါတယ်။ 

 

သင်တန်းဆရာလီက သူ့ကို ကုမ္ပဏီတစ်ခု ရေသူမလို ရေကူးနိုင်တဲ့သူနဲ့ ပစ္စည်းတစ်ခု ကြေငြာဖို့ ပြောရာကနေ အခုလို သင်တန်းဖွင့်ဖြစ်တာလို့ ဆိုပါတယ်။ ရေသူမ ရေကူးနည်းရဲ့ အခြေခံသင်ခန်းစာ ၁၆ နာရီကို ၃ လကျော်သင်ရကြောင်း ပြောပါတယ်။ 

 

MDN


ကိုးကား - AFP

 

3.03