မက္ကဆီကိုနိုင်ငံမှာ ကပ်ရောဂေါပိုးကြောင့် သေဆုံးသူ အများဆုံး သီတင်းပတ်ဖြစ်လာ

၁၅ ဇန်နဝါရီ

 

 

မက္ကဆီကိုနိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ်ကပ်ရောဂါပိုးကြောင့် နေ့စဉ်သေဆုံးသူ ၁,၀၀၀ နီးပါး ဖြစ်လာပြီး ကပ်ရောဂါကြောင့် သေဆုံးသူ အများဆုံး သီတင်းပတ်အဖြစ် ကြာသပတေးနေ့က ထုတ်ဖော်ပြောကြားပါတယ်။

 

 

လက်တင်အမေရိက နိုင်ငံတစ်နိုင်ငံဖြစ်တဲ့ မက္ကဆီကိုနိုင်ငံမှာ ခရစ္စမတ်နဲ့ နှစ်သစ်ကူး ပိတ်ရက်တွေမှာ ထုံးစံအရ မိသားစုတွေ စုဝေးကြပြီးနာက် ရောဂါပိုးကူးစက်သူ များလာပြီး သေဆုံးမှုတွေ တိုးလာကို တွေ့ရတာ ဖြစ်ပါတယ်။

 

 

ဗိုင်းရပ်စ်ပိုးဒဏ် အဆိုးဆုံးခံရတဲ့ မြို့တော် မက္ကဆီကိုစီးတီးမှာ အောက်ဆီဂျင်အိုး ရရှိရေး စောင့်ဆိုင်းနေတဲ့ လူတန်းရှည်ကြီးကိုလည်း တွေ့နေရပါတယ်။ အဲဒီထဲ အသက် ၅၅ နှစ်အရွယ် အန်တိုနီယိုက သူ့သားအတွက် အောက်ဆီဂျင်အိုးလာရောက်ဝယ်ယူရင်း လူအများစုကတော့ ကြောက်လန့်နေကြပါတယ်။ ဒါပေမယ့် တချို့သူတွေက အပြင်ကို ထွက်တဲ့အခါ မျက်နှာဖုံး ဝတ်ဆင်ခြင်း မရှိသလို ပါတီပွဲတွေလည်း ကျင်းပနေတာကို နားမလည်ကြောင်း၊ ရောဂါပိုးကနေ ဘယ်လောက်  ထိခိုက်တယ်ဆိုတာကို မသိကြဘူးလို့ သတင်းဌာနတွေကို ပြောပါတယ်။

 

 

လူဦးရေ ၁၂၈ သန်း နေထိုင်တဲ့ မက္ကဆီကို နိုင်ငံမှာ ပြီးခဲ့တဲ့ ၇ ရက်အတွင်း သေဆုံးသူ ၆၉၃၀ ဦးရှိကြောင်း ပြီးခဲ့တဲ့ အင်္ဂါနေ့မှာ သေဆုံးသူ ၁,၃၁၄ ဦးရှိခဲ့ကြောင်း တရားဝင် ထုတ်ပြန်ချက်အရ သိရပါတယ်။

 

 

နိုင်ငံမှာ ဗိုင်းရပ်စ်ပိုး ကူးစက်ခံရသူ ၁.၅၉ သန်း ရှိပြီး သေဆုံးသူ ၁၃၈,၀၀၀ နီးပါးနဲ့ ကမ္ဘာမှာ ကပ်ရောဂါပိုးကြောင့် သေဆုံးသူ စတုတ္ထမြောက် အများဆုံးနိုင်ငံ ဖြစ်ပါတယ်။

 

 

မြို့တော် မက္ကဆီကိုစီးတီးဟာ လူဦးရေ ၉ သန်းနေထိုင်ပြီး လူပေါင်း ၂၄,၀၀၀ ဟာ ကိုရိုနာဗိုင်းရပ်စ်ပိုးကြောင့် သေဆုံးပြီး လက်ရှိအချိန်တွင် ဆေးရုံတွေရဲ့ လက်ခံအင်အားရဲ့ ၉၁ ရာခိုင်နှုန်းမှာ လူနာတွေနဲ့ ပြည့်နေကြောင်း ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။

 

 

ဒီဇင်ဘာ ၁၈ ရက်နေ့ကစပြီး မက္ကဆီကိုစီးတီးမှာ အရေးမကြီးတဲ့ လုပ်ဆောင်မှု မပြုလုပ်ရန် တားမြစ်ပြီး ဗိုင်းရပ်စ်ပိုးကူးစက်မှုကို လျှော့ချနေတာကို တွေ့ရပါတယ်။ ဒီဇင်ဘာ ၂၄ ရက်ကစပြီး နိုင်ငံမှာ Pfizer-BioNTech မှ ထုတ်လုပ်သော ဗိုင်းရပ်စ် ရောဂါပိုး ကာကွယ်ဆေးကို စတင်ထိုးနှံပေးနေပေမယ့် ကာကွယ်ဆေးဟာ ကန့်သတ်ပမာဏ ဖြစ်နေတာကို တွေ့ရပါတယ်။

 

 

MDN

ကိုးကား - AFP

mdn