မကွေး ၉ နိုဝင်ဘာ
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် မကွေးတိုင်းဒေသကြီးအတွင်း ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ (၃၃)သိန်းကျော်ရှိပြီး တိုင်းရင်းသားမဲဆန္ဒရှင် (၈)သောင်းကျော် ပါဝင်သည်။
ကြိုတင်ဆန္ဒမဲပေးသူများနှင့် နိုဝင်ဘာလ ၈ ရက်နေ့တွင် မဲရုံသို့လာရောက်မဲပေးသူ (၂၆)သိန်းကျော်ရှိပြီး (၇၈.၅၈) ရာခိုင်နှုန်းခန့် လာရောက်မဲပေးခဲ့သည်။
မကွေးတိုင်းဒေသကြီးအတွင်း မဲရုံအရေအတွက် (၄၅၄၈)ရှိပြီး ပြည်သူလွှတ်တော်ကိုယ်စားလှယ် (၂၅)ဦး၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် (၁၂)ဦး၊ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် (၅၀)ဦး၊ ချင်းတိုင်းရင်းသား လွှတ်တော်ကိုယ်စားလှယ် (၁)ဦး ဝင်ရောက်ရွေးချယ်ခံခဲ့ကြောင်း မကွေးတိုင်းဒေသကြီး ရွေးကောက်ပွဲကော်မရှင်ထံမှ သိရသည်။
မကွေးတိုင်းဒေသကြီးအတွင်း ၂၀၁၅ ခုနှစ်ပါတီစုံ ဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် မဲပေးခွင့်ရှိသူ (၃၀) သိန်းကျော် ရှိပြီး မဲပေးသူ (၂၂)သိန်းကျော်ရှိသဖြင့် (၇၂ ဒသမ ၄၄)ရာခိုင်နှုန်းခန့် မဲပေးခဲ့ကြောင်း သိရသည်။
တိုင်းဒေသကြီး(ပြန်/ဆက်)


