မကွေးတိုင်းဒေသကြီးအတွင်း ကိုဗစ်-၁၉ ရောဂါပိုး ထပ်မံကူးစက်ခံရသူ ၅၀၁ ဦးရှိခဲ့ 

မကွေး  ဇူလိုင်  ၁၆

 

မကွေးတိုင်းဒေသကြီးအတွင်း  ကိုဗစ်-၁၉ ရောဂါပိုး Third Wave တွင် ကူးစက်မှုများ မြင့်မားကာ ဇူလိုင် ၁၅ ရက် ညနေပိုင်း တိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာန ထုတ်ပြန်ချက်များအရ ကိုဗစ်ပိုးတွေ့ အတည်ပြုလူနာသစ် ၅၀၁ ဦး ထပ်မံကူးစက်ခံရပြီး တိုင်းဒေသကြီးအတွင်း ကိုဗစ်-၁၉ ရောဂါပိုးတွေ့ အတည်ပြုလူနာပေါင်း ၄၁၀၇ ဦး အထိရှိလာကြောင်း သိရသည်။

 

“မကွေးတိုင်းဒေသကြီးအတွင်း ဒီကနေ့မှာ ကိုဗစ်-၁၉ ရောဂါ တတိယလှိုင်းအဖြစ် ကူးစက်ပြန့်ပွားမှုက စံချိန်တင် ကူးစက်မှုပါ။ မလိုအပ်ဘဲ အိမ်ပြင် မထွက်ကြဖို့နဲ့ ထွက်တဲ့အခါမှာလည်း Mask ကို စနစ်တကျ တတ်ဆင်ပြီးမှ သွားလာကြဖို့ လိုပါမယ်၊ ဒီကနေ့ တိုင်းဒေသကြီးအတွင်းမှာ ကိုစ်-၁၉ ပိုးတွေ့ အတည်ပြု လူနာသစ် ၅၀၁ ဦး ထပ်မံကူးစက်ခံရတာပါ၊ အနံ့ပျောက် လက္ခဏာပြသူတွေ၊ ပိုးတွေ့အတည်ပြုလူနာနဲ့ ထိတွေ့မှုရှိသူတွေ၊ Quarantine Centre များမှ စောင့်ကြည့်လူနာတွေကို  RDT  Test Kit နဲ့ စစ်ဆေး ဆောင်ရွက်ခဲ့တာဖြစ်ပါတယ်။ တွေ့ရှိခဲ့တဲ့ လူနာတွေက မကွေးက ၁၄၁ ဦး၊ တောင်တွင်းကြီး က ၇၁ ဦး၊ မင်းလှ ၅၃ ဦး၊ ဂန့်ဂေါက ၄၇ ဦး၊ ဆင်ပေါင်ဝဲ ၃၅ ဦး၊ သရက်က ၂၀  ဦး၊ ပွင့်ဖြူက ၁၈ ဦး၊ ပခုက္ကူ၊ မြိုင်နဲ့ နတ်မောက်က ၁၇ ဦးစီ၊ ရေစကြိုက ၁၄ ဦး၊ ချောက်က ၁၂ ဦး၊ ဆိပ်ဖြူက ၁၁ ဦး၊ မြို့သစ်က ၉ ဦး၊ မင်းတုန်းက ၇ ဦး၊ စေတုတ္တရာက ၅ ဦး၊ ဆော ၄ ဦး၊ ကံမ ၂ ဦး နဲ့ ပေါက်က ၁ ဦးတို့ ဖြစ်ပါတယ်။ တိုင်းဒေသကြီးအတွင်း ကိုဗစ်-၁၉ Third Wave မှာ စတင်တွေ့ရှိ ခဲ့တဲ့ ၂၇-၅-၂၀၂၁  ရက်နေ့မှ ယနေ့အထိ ပိုးတွေ့အတည်ပြု လူနာပေါင်းက  ၄၁၀၇ ဦး ထိရှိလာပြီ ဖြစ်တယ်” ဟု တိုင်းဒေသကြီးပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာန တာဝန်ရှိသူ တစ်ဦးက အတည် ပြုပြောကြားသည်။

 

mdn

 

လက်ရှိမှာ မကွေးတိုင်းဒေသကြီးအတွင်း ကိုဗစ်ပိုးတွေ့ အတည်ပြုလူနာပေါင်း ၄၁၀၇ ဦးရှိပြီး၊ ကျန်းမာရေး ပြန်လည်ကောင်းမွန်ကာ ဆေးရုံဆင်းခွင့်ရရှိသူ ၇၄၆ ဦး၊ သေဆုံးသူက ၃၆ ဦးရှိခဲ့ပြီး၊ တိုင်းဒေသကြီးအတွင်းရှိ ဆေးရုံအသီးသီးတွင် တက်ရောက် ဆေးဝါးကုသမှု ခံယူနေသူ  ၃၃၂၅  ဦးရှိကြောင်း တိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီဌာန မှတ်တမ်းများအရ သိရသည်။

 

မောင်ညီညာ မကွေး