မြို့သစ်မြို့နယ်တွင်  ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ ဆက်လက်ဆောင်ရွက်

မြို့သစ်၊  ၁၄ ဇွန်

 

မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ မြို့သစ်မြို့တွင် ကိုဗစ်-၁၉ ရောဂါကူးစက်ပြန့်ပွားမှု မရှိစေရေးအတွက်   ယမန်နေ့နံနက်ပိုင်းက စတင်ပြီး ကိုဗစ်-၁၉ ရောဂါကြိုတင်ကာကွယ်ရေး စစ်ဆေးခြင်းကို မြို့ဝင်ဂိတ်တွင် ပြန်လည်ဆောင်ရွက်လျက်ရှိသည်။

 

ထိုသို့ ဆောင်ရွက်ရာ ကိုဗစ်-၁၉ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီဥက္ကဋ္ဌ (မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ) ဦးကျော်ဝင်းထက် က ကြီးကြပ်ပြီး မြို့နယ်ရဲတပ်ဖွဲ့ဝင်များ၊ မြို့နယ် ဌာနဆိုင်ရာများ ၊ ကျန်းမာရေးဝန်ထမ်းများ ၊ မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များ ၊ မြို့နယ်ကြက်ခြေနီ တပ်ဖွဲ့ဝင်များပူးပေါင်းပြီး မြို့တွင်းဝင်ထွက်လျက်ရှိသော မော်တော်ယာဉ်များ၊ ခရီးသည်များကို ကိုယ်အပူချိန်တိုင်းတာပေးခြင်း  ၊  နှားခေါင်းစည်းများ တပ်ဆင်စေခြင်းနှင့် ကိုဗစ်-၁၉ရောဂါကြိုတင် ကာကွယ်ရေး အသိပညာပေးခြင်းတို့ကို ဆောင်ရွက်လျက်ရှိသည်။

 

45347

 

ဆက်လက်၍ အမှတ်(၁)အခြေခံပညာ အထက်တန်းကျောင်းရတနာခန်းမတွင် အထက်တန်း၊ အလယ်တန်းနှင့်    မူလတန်းကျောင်းများရှိ ကျောင်းအုပ်ဆရာ/ဆရာမများအား ကိုဗစ်-၁၉ ရောဂါကြိိုတင်ကာကွယ်တားဆီးရေး လုပ်ငန်းများအကြောင်းကို ကျန်းမာရေးဝန်ထမ်းများက ရှင်းလင်းဆွေးနွေးခဲ့ကြောင်း သိရသည်။

 

ကိုဇော်(မြို့သစ်)