ပျော်ဘွယ် ၂၃ အောက်တိုဘာ
ပျော်ဘွယ်မြို့နယ် မီးသတ်တပ်ဖွဲ့စခန်းရှိ တပ်ဖွဲ့ဝင်များအား စွမ်းဆောင်ရည်မြင့်မားစေရေး၊ ရှာဖွေကယ်ဆယ် ရေးလုပ်ငန်းများဆောင်ရွက်ရာတွင် စက်ပစ္စည်းကိရိယာများအား ကျွမ်းကျင်စွာ အသုံးပြုနိုင်ရေး တို့အတွက် Hydraulic tool များအသုံးပြုလေ့ကျင့်ခြင်းကို အောက်တိုဘာ(၂၃)ရက် နံနက်(၈)နာရီက မြို့နယ်မီးသတ်စခန်းတွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။
မြို့နယ်မီးသတ်ဦးစီးမှူး ဦးကျော်မျိုး က ''နေ့စဉ်သတ်မှတ်ရက်များအလိုက် တပ်ဖွဲ့ဝင်တွေကို မီးငြှိမ်းသတ်ခြင်း၊ ရှာဖွေကယ်ဆယ်ခြင်း၊ စစ်ရေးပြ စတဲ့ဘာသာရပ်များအလိုက် လေ့ကျင့်စေလျက် ရှိပါတယ်၊ ဒီကနေ့မှာတော့ စက်ပစ္စည်းကိရိယာတွေကို ကျွမ်းကျင်စွာ အသုံးပြုနိုင်ဖို့ လေ့ကျင့်နေခြင်း ဖြစ်ပါတယ်။ ယနေ့အချိန်မှာဆိုရင် မော်တော် ယာဉ်ကြီး၊ ယာဉ်ငယ်တွေ များပြားလာတာနဲ့အမျှ မတော်တဆ ထိခိုက်မှုတွေ ရှိလာတဲ့အပြင် သဘာဝဘေးအန္တရာယ် ကျရောက်လာပါကလည်း ရှာဖွေကယ်ဆယ်ရေး လုပ်ငန်းတွေမှာ အဆင်ပြေစွာဆောင်ရွက်နိုင်ဖို့ Hydraulic tool များ အသုံးပြုလေ့ကျင့်ခြင်းဖြစ်ပါတယ်"ဟုရှင်းပြသည်။
အဆိုပါ ရှာဖွေကယ်ဆယ်ရေး လုပ်ငန်းသုံး ပစ္စည်းကိရိယာများဖြင့် ယာဉ်မတော်တဆမှုများ၊ သဘာဝဘေး အန္တရာယ်များ၊ မလိုလာအပ်သည့်ဘေးအန္တရာယ်များကျရောက်လာပါက ထိခိုက်မှု အနည်းဆုံးဖြင့် ကူညီကယ်ဆယ်နိုင်ရေး အမြန်လမ်းမကြီးရှိ မီးသတ်တပ်ဖွဲ့စခန်းနှင့် မြို့နယ်မီးသတ် တပ်ဖွဲ့စခန်းတို့တွင် ထားရှိကာ ကူညီကယ်ဆယ်ရေး လုပ်ငန်းများကို ဆောင်ရွက်ရှိကြောင်း သိရသည်။
မင်းမင်းထွေး(ပျော်ဘွယ်)


