မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ မိုးစပါးမျိုးစေ့ထုတ်ကွက်များ အောင်မြင်ဖြစ်ထွန်းရေး ကွင်းဆင်းစစ်ဆေးပညာပေး ဆွေးနွေး

ပင်လည်ဘူး  ၂၃   ဇူလိုင်  
   
       
စစ်ကိုင်းတိုင်းဒေသကြီး ကသာခရိုင် ပင်လည်ဘူးမြို့၌ မိုးစပါးသီးနှံများအထွက်တိုးစေရေး၊  မိုးစပါးမျိုးစေ့ ထုတ်ကွက်များ သိပ္ပံနည်းကျ စိုက်နည်းစနစ်များ မှန်ကန်စေရေးနှင့် မိုးစပါးသီးနှံစိုက်ပျိုးနိုင်မှု အခြေအနေများအား မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဦးနေဝင်းနိုင်နှင့် ဝန်ထမ်းအဖွဲ့သည် ဇူလိုင် ၂၂ ရက်နေ့က မံစီလေးကျေးရွာနှင့် ပင်းမူကျေးရွာရှိ မိုးစပါးသီးနှံစိုက်ကွင်းများသို့ ကွင်းဆင်းစစ်ဆေးကာ အဆိုပါ ကျေးရွာများမှ တောင်သူများနှင့်တွေ့ဆုံပြီး ရာသီဥတုပြောင်းလဲမှုနှင့် လိုက်လျောညီထွေမည့် သီးနှံစိုက်ပျိုးနည်းစနစ်များ၊ သီးနှံများအောင်မြင် ဖြစ်ထွန်းရေးနှင့် ပိုးမွှားအန္တရာယ် ကာကွယ်နည်းစနစ်များနှင့်ပတ်သက်သည့် အကြောင်းအရာများကို ပညာပေး ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
   

ပင်လည်ဘူးမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ မိုးစပါးသီးနှံများကို မြို့နယ်အတွင်း ဆည်၊ ကန်ဖြင့် ၆၉၀ဝ ဧက၊ မြစ်ချောင်းရေတင်ဖြင့် ၅၄၁၆ ဧက၊ မြေအောက်ရေဖြင့် ၃၅၁၇ ဧက၊ မိုးကောင်းသောက်ရေဖြင့် ၄၄၂၃၉ ဧက စုစုပေါင်း မိုးစပါးသီးနှံဧက ၆၀ဝ၇၂ ဧက စိုက်ပျိုးရန် စီမံဆောင်ရွက်ထားကြောင်း၊ ယခု မိုးစပါးသီးနှံ ၁၀၁၁ ဧက စိုက်ပျိုးပြီးစီးကြာင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။


မျိုးလွင်(ပင်လည်ဘူး)

 

1