မြို့နယ်အချို့တွင် မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိ

နေပြည်တော်၊ ဩဂုတ် ၅

 

ဘုတ်ပြင်းမြို့နယ်၊ ဗဟန်းမြို့နယ်၊ ကွမ်းလုံမြို့နယ်နှင့် လွိုင်လင်မြို့နယ်တို့တွင် မူးယစ်ဆေးဝါးများ သိမ်းဆည်းရမိခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သိရသည်။

 

ဖြစ်စဉ်မှာ တနင်္သာရီတိုင်းဒေသကြီးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ဩဂုတ် ၃ ရက် နံနက် ၁၀ နာရီ မိနစ် ၅၀ တွင် ဘုတ်ပြင်းမြို့နယ်၊ ရေငံကြီးကျေးရွာအုပ်စု၊ ရေငံကြီး ကျေးရွာနေ မဌေးမြင့်၏နေအိမ်ကို ဝင်ရောက်ရှာဖွေရာ ၎င်းနှင့်အတူ မောင်ဇော်(ခ)သန်းဇော်၊ သန်းမျိုးဦး တို့အား တွေ့ရှိပြီး စိတ်ကြွရူးသွပ်ဆေးပြား ၄,၃၀၀ ကို လည်းကောင်း၊  ဩဂုတ် ၄ ရက် မွန်းလွဲ ၁၂ နာရီခွဲတွင် မူးယစ်ဆေးဝါးတားဆီး နှိမ်နင်း ရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ဗဟန်းမြို့နယ်၊ ရေတာရှည် ရပ်ကွက်တွင် ကောင်းထက်ဇော်(ခ) ပြောင်ကြီး ကို မသင်္ကာဖွယ်တွေ့ရှိသဖြင့် စစ်ဆေးရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၂,၀၀၀  သိမ်းဆည်းရမိခဲ့ပြီး ကွင်းဆက်အရ မွန်းလွဲ ၁ နာရီ ၃၅ မိနစ်တွင် လှစိုး အား ဗဟန်းမြို့နယ်၊ ရွှေနံ့သာရပ်ကွက်ရှိ ၎င်း၏နေအိမ်၌ စိတ်ကြွရူးသွပ်ဆေးပြား ၆,၈၀၀ နှင့်လည်းကောင်း၊ မွန်းလွဲ ၂ နာရီခွဲတွင် စိတ်ကြွရူးသွပ်ဆေးပြားများ ရောင်းချပေးသူ မနီနီအုန်း အား ဗဟန်းမြို့နယ်၊ ရေတာရှည်ရပ်ကွက်ရှိ ၎င်း၏နေအိမ်၌လည်းကောင်း၊ အလားတူ ယင်းနေ့ ည ၉ နာရီ ၁၅ မိနစ်တွင် မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ကွမ်းလုံမြို့နယ်၊ တုံကျက်ကျေးရွာအုပ်စု၊ တာပန်ချောက်ကျေးရွာနေ မအီးဆွေ၏ နေအိမ်ကို ဝင်ရောက် ရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၂,၀၀၀ ကိုလည်းကောင်း၊  ထို့အတူ ယင်းနေ့ ညနေ ၃ နာရီခွဲတွင် မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် လွိုင်လင်မြို့နယ်၊ ပန်ဝိုးကျေးရွာအုပ်စု၊ ဟိုတင့်ကျေးရွာ အနီး၊ လွိုင်လင်-တောင်ကြီးသွားကားလမ်းတွင် ဝင်းနိုင်(ခ)ဟူစိန် မောင်းနှင်ပြီး ထင်ပေါ်(ခ)စိုင်ဖော်လာ လိုက်ပါလာသည့် Nissan AD VAN အမျိုးအစားမော်တော်ယာဉ်အား ရပ်တန့်စစ်ဆေး ရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၃၀,၀၀၀ ကိုလည်းကောင်း သိမ်းဆည်းရမိခဲ့သဖြင့် ၎င်းတို့အား မူးယစ် ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာဥပဒေအရ အရေးယူထားကြောင်း သိရသည်။

(သတင်းစဉ်)