မိုးညှင်းမြို့နယ်နှင့် မိုးမိတ်မြို့နယ်  တို့တွင် မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိ

နေပြည်တော်၊ ဇွန် ၂၉

 

မိုးညှင်းမြို့နယ်နှင့် မိုးမိတ်မြို့နယ်တို့တွင် မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သိရသည်။

 

ဖြစ်စဉ်မှာ မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ဇွန် ၂၇ ရက် ည ရ နာရီတွင် မိုးညှင်းမြို့နယ်၊ ညောင်ပင်ကျေးရွာအုပ်စု၊ ညောင်ပင်ကျေးရွာရှိ ကားဂိတ်တွင် ကျော်ဇင်သန့် လာရောက်ထုတ်ယူသည့် ဆာလာအိတ် ၂ အိတ်အား သတင်းအရ ဖွင့်ဖောက်စစ်ဆေးရာ ဘိန်းစိမ်း ၁၈ ကီလို ကိုလည်းကောင်း၊ အလားတူ ဇွန် ၂၈ ရက် နံနက် ၁၀ နာရီ ၄၅ မိနစ်တွင် မူးယစ်ဆေးဝါးတားဆီး နှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များ ပါဝင်သောပူးပေါင်းအဖွဲ့သည် မိုးမိတ်မြို့နယ်၊ ရွှေဇာလီ ကျေးရွာအုပ်စု၊ (၇)မိုင် ကျောက်တောင်ကျေးရွာအနီး၊ မိုးမိတ်-မဘိမ်းသွားကားလမ်းတွင် ဇော်ရှန် မောင်းနှင်ပြီး မခင်မြလွင် လိုက်ပါလာသော ဆိုင်ကယ်ကို ရပ်တန့်ရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၁၉,၅၀၀ ကိုလည်းကောင်း သိမ်းဆည်းရမိခဲ့သဖြင့် ၎င်းတို့အား မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲ စေသောဆေးဝါးများဆိုင်ရာဥပဒေအရ အရေးယူထား ကြောင်း သိရသည်။

(သတင်းစဉ်)