မိုးညို မေ ၂၈
ပဲခူးတိုင်းဒေသကြီး မိုးညိုမြို့နယ် အခွန်ဦးစီးဌာနမှူးရုံး၌ အခွန်ဆိုင်ရာ ပညာပေးဆွေးနွေးပွဲကို မေ ၂၈ ရက်နံနက်ပိုင်းက ပြုလုပ်သည်။
ဦးစွာ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးဖုန်းလွင်နှင့် မိုးညိုမြို့နယ် မဲဆန္ဒနယ်အမှတ်(၁) တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးညွန့်မင်းစိုးတို့က အမှာစကားပြောကြားသည်။
ထို့နောက် မြို့နယ်အခွန်ဦးစီးဌာနမှူး ဦးမြင့်ခိုင်က တည်ဆဲအခွန်ဥပဒေများအရ လိုက်နာဆောင်ရွက်ရမည့် ကိစ္စရပ်များနှင့် အခွန်ဆိုင်ရာ သိသင့်သိထိုက်သည်များကို ရှင်းလင်းပြောကြားခဲ့ကြောင်း သိရသည်။
ကိုမင်း(ပြန်/ဆက်)


