မိုင်းယောင်းမြို့တွင် စိမ်းစားဥစိုက်တောင်သူများ အဆင်ပြေလျက်ရှိ

မိုင်းယောင်း ဇန်နဝါရီ ၁၁

 

စိုက်ပျိုးရေးကိုသာ အဓိကထားလုပ်ကိုင်လျက်ရှိသော ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်ခရိုင်၊ မိုင်းယောင်းမြို့တွင် စိမ်းစားဥများ အောင်မြင်ဖြစ်ထွန်းလျက်ရှိ၍ ဒေသခံပြည်သူများ အဆင်ပြေလျက်ရှိကြောင်း သိရသည်။

 

ရွာမှာတော့ စိမ်းစားဥစိုက်ပျိုးသူ ၁၅ ဦးလောက်ရှိတယ်။ ဒီနှစ်ဈေးကောင်းတော့ စိမ်းစားဥ စိုက်ပျိုးသူ အကုန်အဆင်ပြေတယ်။ ကျွန်တော်တို့ ဒီစိမ်းစားဥကို ဝါဆို-ဝါခေါင်မှာ စိုက်ပျိုးပြီး တန်ဆောင်မုန်း-နတ်တော်မှာ တူးရောင်းပါတယ်။ အပင်အပြုအစုကောင်းရင် တပို့တွဲလ၊ တပေါင်းလလောက်အထိ တူးရောင်းလို့ရပါတယ်။ တစ်စည်းလျှင် ၅၀၀ ကျပ်နဲ့ အလုံးကြီးလျှင် တစ်စည်း ကျပ် ၁၀၀၀ ရောင်းပါတယ်” ဟု ဒေသခံတောင်သူတစ်ဦးက ပြောပြသည်။

 

နမ့်ယောင်းချောင်းနှင့် နမ့်လွေချောင်းနံဘေး ကျေးရွာများသည် ပဲ၊ ပြောင်း၊ နှမ်း၊ ဝါ၊ မြေပဲ၊ ပဲစိမ်းငုံ၊ ဖရဲ၊ သခွား၊ ရွှေပဲရွက်၊ ငရုတ်၊ ခရမ်းချဉ်၊ ကြက်သွန်ဖြူ၊ ကြက်သွန်နီနှင့် အခြားသီးနှံများ စိုက်ပျိုးလျက်ရှိရာ ယခုအခါ စိမ်းစားဥစိုက်တောင်သူများ အဆင်ပြေလျက်ရှိကြောင်း သိရသည်။

 

နန်းပန်