မိုင်းရယ်၌ နွေစပါးနှင့် ဆောင်းသီးနှံစုံ ၁၇၁၈၄ ဧက စိုက်ပျိုးနိုင်ခဲ့

မိုင်းရယ် မတ် ၃၁

 

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မိုင်းရယ်မြို့နယ်၌ ၂၀၂၂-၂၀၂၃ ခုနှစ် ဆည်ရေသောက်၊ ဒေသအလိုက် သဘာဝချောင်းများတွင် ဒေသကျောက်ဖြည့် မျှောရိုက်ဆည်စနစ်များဖြင့် နွေစပါးနှင့် ဆောင်းသီးနှံစုံ ၁၇၁၈၄ ဧကကို စိုက်ပျိုးနိုင်ခဲ့ကြောင်း သိရသည်။

 

မြို့နယ်လုံးအနေဖြင့် နွေစပါးနှင့် ဆောင်းသီးနှံစုံ ၈၀၅၄ ဧက စိုက်ပျိုးရန်လျာထားခဲ့ပြီး ၉၁၃၀ ဧက တိုး၍စိုက်ပျိုးနိုင်ခဲ့သည်။ နွေစပါး စိုက်ပျိုးထုတ်လုပ်မှုတွင် ယခင်နှစ်က ၉၄ ဧက စိုက်ပျိုးနိုင်ခဲ့ပြီး ယခုနှစ်တွင် ၁၁၇ ဧက စိုက်ပျိုးနိုင်ခဲ့၍ ယခင်နှစ်ထက် ၂၃ ဧက တိုး၍ စိုက်ပျိုးနိုင်ခဲ့ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။

 

စိုက်ပျိုးရေးဦးစီးဌာနအနေဖြင့် ပြောင်းလဲလာသော ရာသီဥတုအလိုက် လိုက်လျောညီထွေမှုရှိသည့် သီးနှံပုံစံ ပြောင်းလဲစိုက်ပျိုးနိုင်ရေး မျိုးသစ်စမ်းသပ်ကွက်များ စိုက်ပျိုးပြသသည့်အပြင် သီးနှံအလိုက် အထွက်နှုန်းတိုးစေမည့် သိပ္ပံနည်းကျ စိုက်ပျိုးနည်းများ၊ သီးနှံများ ပိုးမွှားရောဂါကျရောက်ပျက်စီးမှုမရှိစေရေးအတွက် စိုက်ပျိုးရေးဝန်ထမ်းများက ကျေးရွာများရှိ စိုက်ပျိုးခင်းများအား ကွင်းဆင်းစစ်ဆေးဆောင်ရွက်လျက်ရှိသည်။

 

မိုင်းရယ်(ပြန်/ဆက်)