မိုင်းဖြတ်၌ မီးဘေးသင့်အိမ်ထောင်စုအား ကယ်ဆယ်ရေးပစ္စည်းနှင့် ထောက်ပံ့ငွေပေးအပ်

မိုင်းဖြတ်  ၁၅   ဖေဖော်ဝါရီ 

 

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဖြတ်မြို့နယ်တွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ မိုင်းဖြတ်မြို့နယ်ဦးစီးမှူးရုံးမှ ဖေဖော်ဝါရီ ၁၄ ရက်က ကောင်းမှု(အောက်) ကျေးရွာမှ ဦးကာနီ၏ နေအိမ်မီးလောင်မှုဖြစ်ပွားခြင်းကြောင့် ကယ်ဆယ်ရေးပစ္စည်းနှင့် ထောက်ပံ့ငွေများကို ယင်းနေ့နံနက် ၁၀နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌  ပေးအပ်ခဲ့သည်။

 

ကယ်ဆယ်ရေးပစ္စည်းများနှင့် ထောက်ပံ့ငွေများပေးအပ်ရာတွင် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသက်လွင်၊   မြို့နယ် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ်စန္ဒာရွှေနှင့် တာဝန်ရှိသူများက  မီးဘေးသင့် အိမ်ထောင်စု တစ်စုမှ မိသားစုဝင်(၇)ဦးအတွက် ကယ်ဆယ်ရေးပစ္စည်း(၂၁)မျိုး ဆန်ရိက္ခာဖိုး ကျပ် ၁၄၇၀ဝ နှင့်  အိမ်ဆောက် ပစ္စည်းဖိုး ကျပ်၁၀ဝ၀ဝ၀ စုစုပေါင်း ကျပ်၁၁၄၇၀ဝ အား ကျေးရွာအုပ်ချုပ်ရေးမှူးထံ ပေးအပ်ခဲ့ကြောင်း သိရသည်။  

 

သန်းထွန်းအေး(ပြန်/ဆက်)
 

Related Articles