မိုင်းဖြတ်၊  ၂   ဇန်နဝါရီ

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဖြတ်မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားနေသည့်ကာလအတွင်း ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစား အိမ်ထောင်စု ၁၁၅ စုအတွက် အခြေခံစားကုန်များကို ဇန်နဝါရီ ၁ နံနက်ပိုင်းက ဟိုနားစောမွန်ကျေးရွာ၌ ပေးအပ်ခဲ့သည်။

 

ထိုသို့ပေးအပ်ရာတွင် မြို့နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးကော်မတီဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသက်လွင်က မြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါ အတည်ပြုလူနာများ တွေ့ရှိမှုနှင့် ရောဂါကူးစက်ပြန့်ပွားမှုများ ဆက်လက်မဖြစ်ပွားအောင် ထိန်းချုပ်နိုင်မှုနှင့်စပ်လျဉ်း၍ အမှာစကားပြောကြားပြီး အလှူရှင် ဦးကြည်မြင့်က လှူဒါန်းရခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့သည်။

 

ထို့နောက် ဝမ်ပုံ၊ ဝမ်ယန်း၊ ဟိုနား(လားဟူ၊ အာခါ၊ စောမွန်၊ ရှမ်း)ကျေးရွာတို့မှ ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစား အိမ်ထောင်စု ၁၁၀ စုအား ဆန် (၁၀)ကီလိုနှင့် အခြေခံစားကုန်များ၊ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးသုံးပစ္စည်းများကို ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

သန်းထွန်းအေး(ပြန်/ဆက်)