မိုးနဲမြို့ လွိုင်မြေရပ်ကွက်၌ ကိုယ့်အားကိုယ်ကိုး သံကူကွန်ကရစ်တံတား တည်ဆောက်ပြီးစီး

မိုးနဲ၊   ၂၀   ဇန်နဝါရီ

 

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မိုးနဲမြို့နယ်၊ လွိုင်မြေရပ်ကွက်၊ အုပ်စု(၁၂)တွင် ကိုယ့်အားကိုယ်ကိုး သံကူကွန်ကရစ်တံတားတစ်စင်းကို ရပ်ကွက်နေပြည်သူများနှင့် အလှူရှင်များ ပူးပေါင်း ဆောင်ရွက်လျက်ရှိရာ ဇန်နဝါရီ ၂၀ ရက်တွင် လုပ်ငန်းများအားလုံး ပြီးစီးသွားပြီဖြစ်သည်။

 

အဆိုပါတံတားမှာ အရှည် ၁၃ ပေ၊ အကျယ် ၁၃ ပေ ရှိပြီး လူအင်အားပါဝင်မှု၊ စေတနာရှင်များလှူဒါန်းမှု စုစုပေါင်း ၁၂ သိန်းကျော်ဖြင့် ကိုယ့်အားကိုယ်ကိုး တည်ဆောက်ခဲ့ခြင်းဖြစ်ပြီး တံတားပြီးစီး သွားသည့်အတွက် နှစ်စဉ် တောင်ကျချောင်းရေကြောင့် ရေကြီးရေလျှံခြင်းမှ ကာကွယ်နိုင်ခြင်း၊ ကျေးရွာ ကုန်ထုတ်လမ်းအတွက် အဆင်ပြေစွာ အသုံးပြုနိုင်ခြင်း စသည့်အကျိုးများ ခံစားရရှိမည်ဖြစ်ကြောင်း သိရသည်။

 

မျိုးညွန့်ရွှေ(ပြန်/ဆက်)