မိုးမိတ်မြို့၌ (၇၄) နှစ်မြောက် ပြည်ထောင်စုနေ့အခမ်းအနား ကျင်းပ

မိုးမိတ်၊   ၁၂ ဖေဖော်ဝါရီ      

 

ရှမ်းပြည်နယ် (မြောက်ပိုင်း) မိုးမိတ်ခရိုင်၊ မိုးမိတ်မြို့၌ (၇၄) နှစ်မြောက် ပြည်ထောင်စုနေ့ နိုင်ငံတော် အလံတင် အခမ်းအနားကို ဖေဖော်ဝါရီ ၁၂ ရက် နံနက် နာရီခွဲက မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနရုံးရှေ့၌ ကျင်းပပြုလုပ်သည်။

 

ထို့နောက် သဝဏ်လွှာဖတ်ကြားခြင်း အခမ်းအနားကို နံနက် နာရီတွင် ကျင်းပရာ ရှေးဦးစွာ အခမ်းအနားသို့ တက်ရောက်လာကြသူများက နိုင်ငံတော်အလံအား အလေးပြုကြပြီး ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံတော်၊ နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ထံမှ ၂ဝ၂၁ ခုနှစ်၊ (၇၄) နှစ်မြောက် ပြည်ထောင်စုနေ့ အခမ်းအနာသို့ ပေးပို့သော သဝဏ်လွှာကို မိုးမိတ်ခရိုင် စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဦးကျော်ဝင်းလှိုင်က ဖတ်ကြားသည်။

 

အခမ်းအနားသို့ ခရိုင်အဆင့်ဌာန ဆိုင်ရာတာဝန်ရှိသူများနှင့် တိုင်းရင်းသား ကိုယ်စားလှယ်များ တက်ရောက်ကြပြီး ကိုဗစ်-၁၉ ကာကွယ်ရေး စည်းကမ်းချက်များနှင့်အညီ ကျင်းပခဲ့ကြောင်း သိရသည်။

 

မိုးမိတ်သား(စည်သူဌေး)