မိုးကောင်း မေ ၇
သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၏ ရက်(၁၀၀)စီမံချက်ဖြင့် ကချင်ပြည်နယ် မိုးကောင်းမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာနနှင့် မြို့နယ်သစ်တောဦးစီးဌာနတို့ ပူးပေါင်း၍ မြတောင်အုပ်စု နန့်လှိုင်ခေတ်မီစံပြကျေးရွာခန်းမ၌ မီးခိုးမြူငွေ့နှင့် လေထုညစ်ညမ်းမှုလျော့နည်းစေရေး အသိပညာပေးဟောပြောပွဲကို ယနေ့နံနက်ပိုင်းက ကျင်းပသည်။
ဦးစွာ မိုးကောင်းမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ဦးစီးမှူး ဒေါ်ခင်မေဝင်းက အမှာစကားပြောကြားပြီး မြို့နယ်သစ်တောဦးစီးဌာနမှ မြို့နယ်မှူးဦးသန်းမော်နှင့် တောအုပ်ကြီး ဦးအောင်သန်းနိုင်တို့က မီးခိုးမြူငွေ့နှင့် လေထုညစ်ညမ်းမှုလျော့နည်းစေရေး၊ စွန့်ပစ်အမှိုက်စီမံခန့်ခွဲမှုနှင့် အိမ်တွင်းလေထုညစ်ညမ်းမှု လျှော့ချရေးများနှင့်ပတ်သက်၍ အသိပညာပေး ဟောပြောခဲ့ကြကြောင်း သိရသည်။
ပြည်နယ်(ပြန်/ဆက်)


