မိုးကောင်းမြို့နယ်၌ (၅) နှစ်အထက် ကျောင်းသား ကျောင်းသူ ၁၁၀၀၀ ကျော်အား  ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံပေး

 

မိုးကောင်း ဇွန်

 

ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ မိုးကောင်းမြို့နယ်တွင် မိုးကောင်း၊ ပင်းဘော၊ ဆားမှော်၊ နမ္မတီး ဆေးထိုးစုရပ်များ၌ () နှစ်အထက် ကျောင်းသား ကျောင်းသူများအား ဇွန် ရက် နံနက်ပိုင်းက ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး (Sinopharm) ထိုးပေးခဲ့သည်။

 

ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးထိုး ဆောင်ရွက်ခြင်းကို မိုးကောင်း (က) ဒေသအုပ်စုတွင် ဆေးထိုးစုရပ် ခြောက်ခု၊ မိုးကောင်း () ဒေသအုပ်စုတွင် ဆေးထိုးစုရပ် ရှစ်ခု၊ ပင်းဘောဒေသအုပ်စုတွင် ဆေးထိုးစုရပ် ကိုးခု၊ နမ္မတီးဒေသအုပ်စုတွင် ဆေးထိုးစုရပ် ခြောက်ခု၊ ဆားမှောဒေသအုပ်စုတွင် ဆေးထိုးစုရပ် လေးခု စုစုပေါင်း ဆေးထိုးစုရပ် ၃၃ ခုဖြင့် မိုးကောင်းမြို့နယ်ရှိ အခြေခံပညာကျောင်း ၁၃၀၊ ဘုန်းတော်ကြီးသင်ကျောင်း ငါးကျောင်း၊ သီလရှင်ကျောင်း တစ်ကျောင်းတို့မှ ()နှစ်အထက် ကျောင်းသား ကျောင်းသူ ၁၁၂၀၉ ဦးကို သတ်မှတ်ရက်များအလိုက် ထိုးနှံပေးမည်ဖြစ်ကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။

 

သန်းလွင်ဦး(ပြန်/ဆက်)

 

mdn