မိုဇမ်ဘစ်နိုင်ငံ ဆိုင်ကလုန်းတိုက်ခိုက်ခံရတဲ့အတွက် ဘီယာမြို့မှာ ၉၀ ရာခိုင်နှုန်းနီးပါး ပျက်စီး

၁၈ မတ်

 


မိုဇမ်ဘစ်နိုင်ငံမှာ ပြီးခဲ့တဲ့ အပတ်က ဆိုင်ကလုန်း တိုက်ခိုက်တဲ့အတွက် ဘီယာမြို့ဟာ ၉၀ ရာခိုင်နှုန်းလောက်ပျက်စီးကြောင်း၊ ဆိုင်ကလုန်းအတွင်းသေဆုံး မိုဇမ်ဘစ်နဲ့ ဇင်ဘာဘွေနိုင်ငံသား ၁၅၇ ဦး အထိ သေဆုံးကြောင်း ကမ္ဘာ့ကြက်ခြေနီနှင့် လခြမ်းနီ အဖွဲ့ (IFRC)က မတ်လ ၁၈ ရက်နေ့က ထုတ်ပြန်လိုက်ပါတယ်။ 

 

စ

 

ဆည်ကြီးတစ်ခု တနင်္ဂနွေနေ့က ကျိုးခဲ့တဲ့အတွက် လူပေါင်း ငါးသိန်းသုံးသောင်းနီးပါး နေထိုင်တဲ့ ဘီယာမြို့ကို ဆက်သွယ်တဲ့ နောက်ဆုံးလမ်းမကြီးမှာ အသွားအလာမလုပ်နိုင်တော့ဘူးလို့ ထုတ်ပြန်ချက်မှာ ရေးသားဖော်ပြထားပါသေးတယ်။ ပြီးခဲ့တဲ့ ကြာသပတေးနေ့ ဆိုင်ကလုန်း အိုင်ဒိုင်းဟာ မိုဇမ်ဘစ်နိုင်ငံမှာ ဝင်ရောက်တိုက်ခိုက်ပြီး အိမ်နီးချင်း ဇင်ဘာဘွေနိုင်ငံကို ရွှေ့ပြောင်းသွားခဲ့ပါတယ်။ ဆိုင်ကလုန်းကြောင့် ရေလွှမ်းမိုးမှု၊ နေအိမ်နဲ့လမ်းတွေ ရေတိုက်စားခံခဲ့ပါတယ်။ 

 


သေဆုံးသူတွေထဲမှာ ဇင်ဘာဘွေနိုင်ငံသား ၈၉ ဦး၊ ဘီယာမြို့ခံ ၅၅ ဦးအပါအဝင် မိုဇမ်ဘစ်နိုင်ငံသား ၆၈ ဦး သေဆုံးကြောင်း တာဝန်ရှိသူတွေက AFPသတင်းဌာနကို ပြောပါတယ်။ 

 

ိ

 

ကမ္ဘာ့ကြက်ခြေနီ အဖွဲ့နှင့် လခြမ်းနီအဖွဲ့ (IFRC)က ပြောခွင့်ရသူကတော့ ဘီယာမြို့မှာ အားလုံးပျက်စီးသွားတယ်။ ဆက်သွယ်ရေးလိုင်းတွေလည်း လုံးဝပျက်သွားတယ်။ လမ်းတွေလည်း ပျက်စီးသွားတယ်။ တချို့နေရာဆိုတွေ အခုထိ သွားလာလို့ မရသေးဘူး။ ဘီယာမြို့ကတော့ အဆိုးဆုံးပေါ့။ မြို့အပြင်မှာ မြို့ထဲထက်ဆိုးရွားတဲ့အခြေအနေမှာ ရှိနေလို့ ကြားသိရကြောင်း ပြောပါတယ်။ 

 


MDN
ကိုးကား - AFP