မျိုးဆက်သစ် အောင်လံလက်ဝှေ့ပြိုင်ပွဲ ကျင်းပမည်

ရန်ကုန် ဩဂုတ် ၇

 

မြန်မာ့ရိုးရာ လက်ဝှေ့အဖွဲ့ချုပ်က ကြီးမှူးပြီး 360 Sports က စီစဉ်ကျင်းပမည့် မျိုးဆက်သစ် အောင်လံလက်ဝှေ့ပြိုင်ပွဲ 360 FKGHT CLUB ကို ရန်ကုန်မြို့ သိမ်ဖြူလက်ဝှေ့ရုံ၌ ကျင်းပမည်ဖြစ်သည်။

 

ယင်းပြိုင်ပွဲ၏ ၅၄-၅၇ ကီလိုတန်းပြိုင်ပွဲ၌ ရှိုင်းထူး(STL)နှင့် ဗျာလ(Python) ဒေါင်းသတ္တိ(ဒေါင်းမြန်မာ)နှင့် အောင်ရဲနိုင်(Power Punch) စောကဲဒို(Hoy Power)နှင့် ကစောထူး(ရိုးရာကျား)၊ အားမာန်(ရာဓိရာဇ်)နှင့် ထူးစေးဝါး(ရွှေဖူး)တို့က လည်းကောင်း၊ ၆၀-၆၃ ဒသမ ကီလိုတန်းပြိုင်ပွဲ၌ ဂေါဒိုထူး(ရိုရာကျား)နှင့် တမာကျား(Smart Fight)၊ ဂေးဒို(STL)နှင့် သားလက်သီး(ရွှေမအူပင်)၊ စောဘီလူး (Power Punch)နှင့် ဝင်းဗိုလ်(ရာဇဓိရာဇ်)လောကွားဒူး(တော်ဝင်ရိုးရာ)နှင့် ညီရဲခန့်(YFC)တို့က လည်းကောင်း ယှဉ်ပြိုင်ထိုးသတ်ကြမည် ဖြစ်သည်။

 

ထို့အတူ ၆၇-၇၁ ကီလိုတန်းပြိုင်ပွဲ၌ အာကာဖြိုး(Tiger Gy)နှင့် စောကဲ(YFC) အောင်ကိုမင်း(နဂါးမာန်)နှင့် မိုက်မိုက်(ရွှေမအူပင်)၊ ဇော်သက်နောင်(Knight)နှင့် ကျော်ဇေလတ်(ထွန်းထွန်းမင်း)၊ ဂေါ်ထူးဂေး(ရိုးရာကျား)နှင့် မြတ်သူ(ကျားဘုရင်)တို့ ယှဉ်ပြိုင်ထိုးသတ်ကြမည် ဖြစ်သည်။

 

အဆိုပါ လက်ဝှေ့ပြိုင်ပွဲကို သြဂုတ် ၁၂ ရက် မွန်းလွဲ ၂ နာရီတွင် သိမ်ဖြူလက်ဝှေ့ရုံ၌ ပြုလုပ်မည်ဖြစ်ပြီး 360 5ports Facebook Page၊ Youtube Channel နှင့် Channel K ရုပ်သံလိုင်းတို့မှ တိုက်ရိုက်ထုတ်လွှင့် ပြသပေးမည်ဖြစ်ကြောင်းနှင့် ရုံတင်ကြေး ငွေကျပ် ၅၀၀၀ သတ်မှတ်ထားကြောင်း သိရသည်။

 

အောင်မြင့်(ပြန်/ဆက်)