လှိုင်းဘွဲ ၂၃ အောက်တိုဘာ

 

ကရင်ပြည်နယ် လှိုင်းဘွဲမြို့နယ်တွင် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနက Covid – 19 စီးပွားရေး ကုစားမှုအစီအစဉ် (CERP)အရ မျိုးစေ့ထုတ်စပါးစိုက်ခင်းအတွင်း မျိုးစပါးများ ပျက်စီးဆုံးရှုံးမှု မရှိစေရေးနှင့် အထွက်နှုန်းကောင်းမွန်ရေးအတွက် ယမန်နေ့က ခရိုင်စိုက်ပျိုးရေး ဦးစီးဌာနက ကွင်းဆင်းကြည့်ရှုခဲ့ကြောင်း သိရသည်။

 

အဆိုပါ ကွင်းဆင်းကြည့်ရှုရာတွင် ခရိုင်စိုက်ပျိုးရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးသက်ဆွေနှင့် တာဝန်ရှိသူများက Covid – 19 စီးပွားရေးကုစားမှုအစီအစဉ် (CERP)အရ စိုက်ပျိုးထားသော ခြံတာဝန်ခံ ဦးမြင့်ဇော်၏ မျိုးစေ့ထုတ် မျိုးသန့်ခြံ စပါးခင်းအတွင်း ရေအလုံအလောက် ရရှိစေရန်၊ မျိုးကွဲနုတ်ပယ်ခြင်းလုပ်ငန်းများ စနစ်တကျ ဆောင်ရွက်ရန်၊ခြွေ့လှေ့ချိန်တွင် မျိုးသန့်စင်စက်ဖြင့် အသုံးပြုနိုင်ရန်နှင့်  မျိုးစေ့ထုတ်စပါးများ စိုက်ပျိုးထားရှိမှု အခြေအနေများကို ကွင်းဆင်း ကြည့်ရှုခဲ့ကြောင်း သိရှိရသည်။

 

ခင်စန်းမြင့်(ပြန်/ဆက်)

 

mdn