မြိတ်တွင် (၄)မြို့နယ် အမျိုးသား/အမျိုးသမီး လက်ဝှေ့ပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲ ကျင်းပ

မြိတ်  ၂၃ မတ်

တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့၌ အားကစားကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေး၊ မျိုးဆက်သစ်လက်ဝှေ့ အားကစားသမားများ ပေါ်ထွန်းလာစေရေးအတွက် ခရိုင်အားကစားကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအစီအစဉ်ဖြင့် (၄)မြို့နယ် အမျိုးသား/အမျိုးသမီး လက်ဝှေ့ပြိုင်ပွဲကို မြိတ်ခရိုင်အားကစားခန်းမတွင် ကျင်းပလျက်ရှိရာ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲကို မတ် ၂၂ ရက် ညပိုင်းက ကျင်းပခဲ့ကြောင်း သိရသည်။

 

mdn

 

(၄)မြို့နယ် လက်ဝှေ့ပြိုင်ပွဲတွင် မြိတ်၊ ကျွန်းစု၊ ပုလော၊ တနင်္သာရီမြို့နယ်များမှ လက်ဝှေ့အားအစားသမား အမျိုးသား၊ အမျိုးသမီး စုစုပေါင်း(၂၈)ဦး ပါဝင်ယှဉ်ပြိုင်ခဲ့ကြပြီး အမျိုးသားပြိုင်ပွဲတွင် (၄၈/၅၁/၅၇/၆၀)ကီလိုတန်း (၄)မျိုး၊ အမျိုးသမီးပြိုင်ပွဲတွင် (၅၁/၅၄/၅၇/၆၃.၅) ကီလိုတန်း(၄)မျိုး ပြိုင်ပွဲများကို မတ် ၂၀ ရက်မှ ၂၂ ရက်အထိ ကျင်းပခဲ့ကြောင်း ပြိုင်ပွဲကျင်းပရေးကော်မတီမှ သိရသည်။

 

mdn

 

ကီလိုတန်းပွဲစဉ်များအလိုက် အမျိုးသား/အမျိုးသမီးပြိုင်ပွဲများ ဗိုလ်လုပွဲကို ကျင်းပခဲ့ပြီး ပြိုင်ပွဲများအလိုက် ပထမနှင့် ဒုတိယရရှိသူများအား ခေတ္တမြိတ်ခရိုင် အုပ်ချုပ်ရေးမှူး ဦးရည်မွန်နှင့် တာဝန်ရှိသူများက ဆုများအသီးသီး ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲအပြီးတွင် မြိတ်ခရိုင် လက်ဝှေ့ဆပ်ကော်မတီမှ မြန်မာ့ရိုးရာ လက်ဝှေ့ပြိုင်ပွဲများကို ဆက်လက်ကျင်းပခဲ့ကြောင်း သိရသည်။

ခိုင်ထူး (မြိတ် ပြန်/ဆက်)

 

mdn