မြိတ်  ဇူလိုင်  ၂၂

တနင်္သာရီတိုင်းဒေသကြီး မြိတ်တက္ကသိုလ်တွင် ဘာသာရပ်ပေါင်းစုံ အမျိုးသား/အမျိုးသမီး ကြက်တောင်ရိုက်အားကစားပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲကို ဇူလိုင်  ၂၂ ရက် ည‌နေပိုင်းက တက္ကသိုလ်အားကစားခန်းမ၌ ကျင်းပသည်။

ဗိုလ်လုပွဲ အမျိုးသားနှစ်ယောက်တွဲပြိုင်ပွဲကို သမိုင်းအသင်းနှင့် အင်္ဂလိပ်စာအသင်းတို့  ယှဉ်ပြိုင်ကစားခဲ့ကြရာ ဒုတိယပါမောက္ခချုပ်၊    ပါမောက္ခ/ဌာနမှူးများ၊ ပါမောက္ခများနှင့် ကျောင်းသား ကျောင်းသူများက ကြည့်ရှုအားပေးကြသည်။ ပြိုင်ပွဲတွင် သမိုင်းအသင်းက  အင်္ဂလိပ်စာအသင်းအား နှစ်ပွဲပြတ်ဖြင့် အနိုင်ရရှိသည်။

ဗိုလ်လုပွဲအပြီးတွင် ဆုချီးမြှင့်ပွဲကျင်းပရာ ဒုတိယပါမောက္ခချုပ် ဒေါက်တာခင်မင်းမင်းဖြိုးက  ဂုဏ်ပြုအမှာစကားပြောကြားပြီး  ပြိုင်ပွဲတစ်လျှောက် တာဝန်ယူဆောင်ရွက်ပေးသော ဒိုင်လူကြီးများအားဂုဏ်ပြုမှတ်တမ်း၊  ပြိုင်ပွဲအမျိုးအစားအလိုက် တတိယ၊ ဒုတိယနှင့်ပထမရရှိသော အာကစားသမား များအား လည်ဆွဲဆုများ၊ အမျိုးသား/အမျိုးသမီးပြိုင်ပွဲ တံခွန်စိုက်ဆုဖလားရရှိသောအသင်းများအား ဒုတိယပါမောက္ခချုပ်နှင့် တာဝန်ရှိသူများက ဆုများ ပေးအပ်ချီးမြှင့်ခဲ့ကြကြောင်း သိရသည်။

ခိုင်ထူး(ပြန်/ဆက်)