မိတ္ထီလာ   ဇွန်   ၁၅

 

မန္တလေးတိုင်းဒေသကြီး မိတ္ထီလာမြို့ မိတ္ထီလာတက္ကသိုလ်၏ ၂ဝ၂၃-၂ဝ၂၄ ပညာသင်နှစ် ဘာသာရပ်ပေါင်းစုံ အမျိုးသား၊ အမျိုးသမီး ကြက်တောင်ရိုက်ပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို ဇွန် ၁၄ ရက် နံနက်ပိုင်းတွင် အဆိုပါ တက္ကသိုလ်အားကစားခန်းမ၌ ကျင်းပသည်။

 

ဦးစွာ  ပါမောက္ခချုပ် ဒေါက်တာဘဟန်က အဖွင့်အမှာစကား ပြောကြားသည်။ ဆက်လက်၍ ပြိုင်ပွဲအဖွင့်ပွဲစဉ်များ အဖြစ် အမျိုးသားပြိုင်ပွဲတွင် ရုက္ခဗေဒအသင်းနှင့် ဘူမိဗေဒအသင်း၊ အမျိုးသမီးပြိုင်ပွဲတွင် ဘူမိဗေဒအသင်းနှင့် ရူပဗေဒအသင်းတို့ ယှဉ်ပြိုင်ကစားကြရာ ပါမောက္ခချုပ် ဒေါက်တာဘဟန်၊ ဒုတိယပါမောက္ခချုပ် ဒေါက်တာနေအောင်၊ ဒုတိယပါမောက္ခချုပ် ဒေါက်တာကျော်လင်း၊  ဆရာဆရာမများနှင့် ကျောင်းသား ကျောင်းသူများက ကြည့်ရှုအားပေး ကြသည်။ 

 

အဆိုပါ ပြိုင်ပွဲအား ဇွန် ၁၉ ရက်အထိ ကျင်းပမည်ဖြစ်ကြောင်း သိရသည်။                                                     

ချမ်းသာ (မိတ္ထီလာ)